4G/LTE တာဝါတိုင်ပေါင်း ၆,၁၀၀ ကျော်ရှိဟု တယ်လီနော ထုတ်ပြန်

တယ်လီနောမြန်မာ အနေနဲ့ လက်ရှိအခြေအနေမှာ နိုင်ငံတစ်ဝန်း LTE တာဝါတိုင်ပေါင်း ၆,၁၀၀ ကျော် ရှိပြီဖြစ်တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

မြို့နယ်ပေါင်း ၃၀၀ ကျော်ကို 4G/LTE ကွန်ရက်ဖြင့် လွှမ်းခြုံထားနိုင်ခဲ့ပြီဖြစ်သည့် အတွက် မြန်မာနိုင်ငံရဲ့ အကြီး မားဆုံးသော4G/LTE ကွန်ရက်အား ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း ဧပြီ ၂၅ ရက်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ပထမ ၃ လပတ်အပြီးမှာ တယ်လီနောမြန်မာ အနေနဲ့ LTE တာဝါတိုင်ပေါင်း ၈၅၆ ခုကို ထပ်မံတည်ဆောက်နိုင်ခဲ့ကြောင်း၊ ဧပြီလအကုန်တွင် LTE တာဝါတိုင်ပေါင်း ၁,၁၀၀ ကျော်အထိ တည်ဆောက်သွားနိုင်ရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

လတ်တလောမှာ မင်းလှ၊ လေးမျက်နှာ၊ ဇလွန်၊ ကျောင်းကုန်း၊ နမ္မတူ၊ မိုင်းပန်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ တယ်လီနောရဲ့ 4G/LTE ၀န်ဆောင်မှုကို ရယူ အသုံးပြုနေပြီဖြစ်ကြောင်း၊ လက်ရှိအခြေအနေမှာ တယ်လီနော အနေနဲ့ နိုင်ငံတစ်ဝန်းလုံးမှာ ဆက်သွယ်ရေးတာဝါတိုင် စုစုပေါင်း ၈,၆၀၀ ကျော်၊ အရောင်းဆိုင်ပေါင်း ၁၀၀,၀၀၀ ကျော်ကို ပိုင်ဆိုင်ထားကြောင်း၊ 2G,3G,4G မိုဘိုင်းကွန်ရက်တွေနဲ့ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးရှိ အသုံးပြုသူပေါင်း ၁၈ သန်းကို ၀န်ဆောင်မှုပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။