RMIT University Vietnam မှ မြန်မာကျောင်းသားတစ်ဦးအား အင်ဂျင်နီယာဘွဲ့ အတွက် ပညာသင်ဆု ပေးအပ်မည်

rmit-vietnam-academic-building-by-pentagos-powers-photo-peter-bennetts.jpg

သြစတြေးလျနိုင်ငံ အခြေစိုက် RMIT တက္ကသိုလ်၏ ဗီယက်နမ် Campus မှ မြန်မာကျောင်းသား တစ်ဦးအား အင်ဂျင်နီယာဘွဲ့အတွက် ပညာသင်ဆု ပေးအပ်မည် ဖြစ်ကြောင်း သိရှိရသည်။

ပညာသင်ဆု  လျှောက်ထားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်တစ်ခုမှ ပထမနှစ်နှင့်ညီမျှသော ပညာအရည်အချင်းအပြင် IELTS အမှတ် 6.5ရရှိသူများ လျှောက်ထားနိုင် သည်။ ရာနှုန်းပြည့် ပညာသင်ဆု ပေးအပ်မည်ဖြစ်ပြီး နေထိုင်စားသောက် စရိတ်နှင့် ခရီးသွားလာ စရိတ်တို့ကို မိမိဘာသာ ကုန်ကျခံရမည်ဖြစ်ကြောင်းသိရသည်။

“ပညာသင်ဆုကို အပြည့်အဝ ပေးမှာပါ။ ကျောင်းတက်နေတဲ့ ကာလအတွင်း၊ ကျောင်းစရိတ်ကို အပြည့်အဝ ပေးမှာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံက ကျောင်းသားတွေကို ပညာသင်ဆု အနေနဲ့ ပေးချင်တာက ဗီယက်နမ်နိုင်ငံ အနေနဲ့ မြန်မာပြည်ကို ဈေးကွက် အနေနဲ့ ဖြန့်ကြက်ပေးချင်တာ ဖြစ်တဲ့ အပြင် ထူးချွန်တဲ့ မြန်မာပြည်က ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ဗီယက်နမ်မှာ ပညာသင် ဆုနဲ့ ကျောင်းတက်နိုင်ခွင့် ရအောင် လုပ်ပေးချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်” ဟု ကျောင်းတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

RMIT (ဗီယက်နမ်) တက္ကသိုလ်၏ ထူးခြားချက်မှာ ယခုရရှိမည့် အင်ဂျင်နီယာဘွဲ့သည် သြစတြေးလျနိုင်ငံရှိ Engineers Australia အဖွဲ့၏ အသိအမှတ်ပြုမှုကိုပါရရှိခြင်းဖြစ်ပြီး ယင်းဘွဲ့ကို ရရှိမည့် ကျောင်းသား၏ အရည်အချင်းကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုချက်ပါ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆုလျှောက်ထားရာတွင် http://www.rmit.edu.vn/how-apply-degree-or-diploma တွင် application ဖောင်ယူပြီးဖြည့်စွက်ရမည်ဖြစ် ကာ [email protected] သို့ ပေးပို့လျှောက် ထားရမည်ဖြစ်သည်။ လျှောက်လွှာပိတ်ရက်မှာ ၂၀၁၅ ခုနှစ် ဧပြီလ ၁၀ ရက်ဖြစ်ပြီး ကျောင်းဖွင့်ရက်မှာ ၂၀၁၅ ခုနှစ် ဇွန်လ ၂၂ ရက်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက ဖုန်း- ၀၉-၇၃၀၈၅၄၅၃ သို့ စုံစမ်းနိုင်သည်။