SOAS (University of London) မှ မြန်မာ ကျောင်းသား၊ ကျောင်းသူများကို သီးခြားပညာသင်ဆု ချီးမြှင့်မည်

SOASentrance-u.jpg

SOAS (University of London) ၏ ဌာနတစ်ခုဖြစ်သော The International Foundation Courses and English Language Studies (IFCELS) သည် အခြေခံသင်တန်းများ သင်ကြား ပို့ချမှု နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ပေါင် ၅,၀၀၀ ပညာသင်ဆု နှစ်ခုကို ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် စတင်မည့် Undergraduate Foundation (ICC) သင်တန်း တက်ရောက်လိုသူ မြန်မာကျောင်းသား၊ ကျောင်းသူများ အတွက် သီးခြား ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆု လျှောက်ထားလိုသူများ အနေဖြင့် မြန်မာနိုင်ငံတွင် နေထိုင်သူ မြန်မာလူမျိုးဖြစ်ရမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဧပြီလ ၃၀ ရက်တွင် SOAS ၌ သင်တန်း တက်ရောက်ရန် လျှောက်ထား လွှာနှင့် အခြား လိုအပ်သော စာရွက်စာတမ်းများကို IFCELS ဌာနသို့ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

လူတွေ့နှင့်စာတွေ့စစ်ဆေးမှုများကို ၂၀၁၅ ခုနှစ် မေလတွင် ရန်ကုန်မြို့၌ ပြုလုပ်သွားမည်ဖြစ်ပြီး ရွေးချယ် ခံရသူများကို မေလအကုန်တွင် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။ လျှောက် ထားသူများ အနေဖြင့် အဆိုပါစစ်ဆေးမှုများတွင် ပါဝင်ရန် IELTS ရမှတ် ရရှိထားရန် မလိုအပ်သော်လည်း IELTS Overall ရမှတ် အနည်းဆုံး 6.5 ရရှိထားပြီး Writing တွင် သီးခြားရမှတ် 5.0 နှင့်အထက် ရရှိထားပါက တယ်လီဖုန်းအင်တာ ဗျူးနှင့် အီးမေးလ်မှတစ်ဆင့် Essay Test များကို ဖြေကြားနိုင်ရန် လိုအပ်ပါက စီစဉ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆုများကို ပညာရေး ထူးချွန်မှုအပေါ်တွင်သာ မူတည်၍ ပေးအပ်သွားမည်ဖြစ်ပြီး အထက်တန်း စာမေးပွဲ ရမှတ်များနှင့် အခြားပညာရေးဆိုင်ရာ စာရွက်စာတမ်းများအပြင် IFCELS ၏ Essay Test နှင့် အင်တာဗျူး ရလဒ်များအပေါ်တွင် အခြေခံကာ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆုလျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ICC တွင်တက်ရောက်ရန် ဗီဇာလျှောက်ထားရာတွင် IELTS ရမှတ် 4.0 ကို Sub-Score တစ်ခုတိုင်းအတွက် အနည်းဆုံးရရှိ ထားရန် လိုအပ်ကြောင်း သိရသည်။

ယခုပညာသင်ဆုအပြင် ပေါင် ၂,၀၀၀ ပညာသင်ဆု ခြောက်ခုကိုလည်း SOAS ၏ Pre-Master’s သင်တန်းဖြစ်သော Foundation Diploma for Postgraduate Study (FDPS) သင်တန်း သို့ လျှောက်ထား သူများထဲမှ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ Pre-Master’s သင်တန်းမှာ Academic English, Study and  Research Skill နှင့် အခြားဘာသာရပ်ဆိုင်ရာ သင်ကြားမှုများကို အဓိကထား သင်ကြားပေးသော သင်တန်းတစ်ခုဖြစ်ကြောင်း သိရသည်။

SOAS သည် University of London ၏ ကောလိပ်တစ်ခုဖြစ်ပြီး အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသများ အတွက် ကမ္ဘာ့ထိပ်တန်း ကောလိပ်တစ်ခု ဖြစ်သည်။ လန်ဒန်၏ အချက်အ ချာနေရာ တစ်ခု ဖြစ်သော University District အတွင်း၌တည်ရှိပြီး တက်ရောက်သူများ၏ ထက်ဝက်ခန့်မှာ ယူကေပြင်ပမှ Social Sciences, Arts, Humanities နှင့် Languages အစရှိသော ဘာသာရပ်များကို လာရောက် သင်ယူနေသူများ ဖြစ်သောကြောင့် တက်ကြွပြီး ရင်းနှီးဖော်ရွေသော နိုင်ငံတကာ အသိုင်းအ၀ိုင်းတစ်ခု ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို www.soas.ac.uk/ifcels/scholarship, www.soas.ac.uk/ifcels/fdps, www.soas.ac.uk/ifcels/ugfoundation တို့တွင် ကြည့်ရှုနိုင်ပြီး Mentor International Myanmar တိုက်အမှတ် ၂၉၊ အခန်း ၁၁၊ Yankin Palm Villa (ရွှေအုန်းပင်အိမ်ရာ)၊ ရန်ရှင်းလမ်း၊ ရန်ကင်းမြို့နယ်၊ ဖုန်း-၀၉၄၂၀၀၂၀၈၁၆၊ ၀၉-၄၂၁၀၆၂၆၀၊ အီးမေးလ် [email protected] သို့ ဆက်သွယ် စုံစမ်းနိုင်သည်။