Acer TravelMate P6 P614

ဈေးနှုန်း – ကန်ဒေါ်လာ (၁၄၉၉.၉၉)

အားသာချက်

ပါးလွှာတဲ့ ကိုယ်ထည်က သွားလေရာ အလွယ်တကူ သယ်ယူ အသုံးပြုဖို့အတွက် တော်တော်လေး ပေါ့ပါးမှုရှိပါတယ်။ 1080p Display ကလည်း ကျေနပ်စရာကောင်းလှသလို မြန်ဆန်တဲ့ စွမ်းဆောင်ရည်၊ ကောင်းမွန်တဲ့ ဂရပ်ဖစ်စနစ်နဲ့ စုံလင်တဲ့ Port တွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက ပုံမှန်ရှိသင့်တာထက် နည်းပါးပြီး ကီးဘုတ်အသုံးပြုရာမှာလည်း ခလုတ်တွေက အနည်းငယ် ကျဉ်းမြောင်းသလို ခံစားရပါတယ်။ Webcam ပိုင်း သိပ်အကောင်းကြီး မဟုတ်တာက ဒီ Laptop ရဲ့ အားနည်းချက်ဖြစ်ပါတယ်။

သုံးသပ်ချက်

Acer TravelMate P6 က ပေါ့ပါးတဲ့အလေးချိန်၊ မြင့်မားတဲ့ စွမ်းဆောင်ရည်တွေ အပြင် အသုံးဝင်တဲ့ port တွေ ပါဝင်တာက ခရီးဆောင်အနေနဲ့ အသုံးပြုဖို့အတွက် အထူးရွေးချယ်သင့်တဲ့ လုပ်ငန်းသုံး Laptop တစ်လုံးဖြစ် ပါတယ်။ ဒါပေမဲ့ ဘက်ထရီပိုင်းက ပရီမီယံ Laptop တစ်လုံးမှာ ရှိသင့်တဲ့ ကြာချိန်ထက် အနည်းငယ် လျော့နည်းတာနဲ့ ကီးဘုတ် အသုံးပြုရတာ သက်သောင့်သက်သာရှိပေမယ့် ကီးခလုတ်တွေက အနည်းငယ် ကျဉ်းတယ်လို့ ခံစားရတာကလွဲရင် သူ့မှာသုံးထားတဲ့ 1080p Display နဲ့ ပေါ့ပါးပြီး မြင့်မားတဲ့စွမ်းဆောင်ရည် တွေက အသုံးဝင်တဲ့ port တွေ ထောက်ပံ့ပါဝင်တဲ့ လုပ်ငန်းသုံး Ultra portable Laptop ကို အသုံးပြုချင်သူတွေ အတွက် ရွေးချယ်သင့်တဲ့ Laptop တစ်လုံးပဲဖြစ်ပါ တယ်။

အသေးစိတ်ဖော်ပြချက်

၁၄ လက်မရှိတဲ့ Display က Touch-screen အမျိုးအစားဖြစ်ပြီး ရုပ်ထွက်အရည်အသွေးကို 1920×1080 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Intel Core i7-8565U CPU processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Nvidia GeForce MX250 GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512 GB M.2 PCIe NVMe SSD ကို အသုံးပြုထားပါတယ်။ သူ့မှာ တပ်ဆင်ထားတဲ့ Webcam က 720p အမျိုးအစား ဖြစ်ပြီး ၄.၁x၂.၆ လက်မ အရွယ်အစား Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှုကောင်းမွန်ပါ တယ်။ WiFi 802.11ac ၊ HDMI ပေါက်၊ USB 3.1 type-C ပေါက်၊ Thunderbolt 3 ပေါက်၊ microSD ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။

မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှု ကို ဘက်ထရီနဲ့ ၇ နာရီ နဲ့ ၃၄ မိနစ်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၂ ကီလိုဂရမ် (၂.၇ ပေါင်) ရှိပါတယ်။

Ref: www.laptopmag.com