Age of Z

အခုဂိမ်းက ဇွန်ဘီ strategy ဂိမ်းဖြစ်ပါတယ်။ ဇွန်ဘီတွေကိုသတ်ပြီး အခြားကစားသူတွေနဲ့ ပူးပေါင်းပြီး လူသားတွေကို ဦးဆောင်ရပါမယ်။ ကစားသူက လူသားတွေနေထိုင်တဲ့ အဖွဲ့အစည်းကို ပြန်လည် တည်ဆောက်ကာ စက်ပစ္စည်းတွေ၊ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းနဲ့ လူသားစစ်သားတွေ ထုတ်လုပ်ရပါမယ်။ ဇွန်ဘီတွေကို သတ်ပြီးမြို့တော်ပြန်လည် တည်ဆောက်တာနဲ့ ဒုက္ခသည်တွေကို ကယ် ဆယ်ရပါမယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။

-စိုးထက်