Android 10 မှာ beta ဗားရှင်းအဖြစ် ဖြန့်ချိလိုက်တဲ့ Google ရဲ့ Focus mode

ဖုန်းပေါ်က app တွေက သုံးစွဲသူကို စိတ်အနှောင့်အယှက် မပေးဘဲ အာရုံစိုက်ပြီး အလုပ်တွေလုပ်နိုင်မယ့် feature တစ်ခုဖြစ်တဲ့ Focus mode ကို Android 10 မှာ beta အဖြစ် ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ feature ကို ဒီနှစ်အစောပိုင်းမှာ Android ဖြန့်ချိတဲ့အချိန် Digital Wellbeing feature အတွင်းမှာ beta ဗားရှင်းအဖြစ် ကနဦး မိတ်ဆက်ခဲ့ပါတယ်။ အခုဆိုရင် Focus mode ကို Android 9 Pie ဖုန်းတွေမှာလည်း ဖြန့်ချိလိုက်ပါတယ်။

Google ဟာ Focus mode ကိုအသုံးဝင်စေဖို့ သုံးစွဲသူ အချိန်စာရင်းအပေါ် မူတည်ပြီး အလိုအလျောက် ဖွင့်၊ ပိတ်ပေးတဲ့ လုပ်ဆောင်ချက် ထည့်သွင်းထားပါတယ်။ ဒါ့အပြင် “take a break” လုပ်ဆောင်ချက်ပါဝင်လာပြီး YouTube ဗီဒီယိုတချို့ကြည့်တာနဲ့ tweet လုပ်ဖို့ ၅ မိနစ်၊ ၁၅ မိနစ် ဒါမှမဟုတ် နာရီဝက်တိုင်တိုင် အာရုံပြောင်းမှု ကာကွယ်ထားတဲ့ အရာကို ကျော်ဖြတ်ခွင့်ပြုနိုင်ပါတယ်။

Focus Mode ဟာ Digital Wellbeing ကဏ္ဍမှာ Do Note Disturb, Parental Controls နဲ့ App Timers လိုမျိုး feature တွေထဲ ပါဝင်လာပါတယ်။ ActionDash လိုမျိုး app တွေက အလားတူ လုပ်ဆောင်ချက်တွေအားလုံးကို လအနည်းငယ်တိုင် လုပ်ဆောင်နိုင်ပါတယ်။ Google ရဲ့ကိုယ်ပိုင် tool ကိုပဲ သဘောကျတယ်ဆိုရင် ဆက်လက်သုံးစွဲနိုင်ပါတယ်။

စိုးထက်
Ref: TheVerge