Banking and Finance ဆိုင်ရာ အင်္ဂလိပ်စာသင်တန်း အတွက် ပြင်ပသင်တန်းသားခေါ်ယူ

မြန်မာနိုင်ငံဘဏ် သင်တန်းကျောင်းမှ Certificate Level English for Banking and Finance (Level I,II) သင်တန်းကို ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သင်တန်းမှာ ဒုတိယမြောက်တန်းခွဲ ဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်မှ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်အထိ Level I ကိုလည်းကောင်း၊ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်မှ မေ ၁၅ ရက်အထိ Level II ကိုလည်းကောင်း တက်ရောက်ရမှာ ဖြစ်ပါတယ်။ သင်တန်းချိန်တွေကတော့ အင်္ဂါ၊ ကြာသပတေး၊ သောကြာ ညနေ ၅ နာရီခွဲမှ ၇ နာရီခွဲ အထိ ဖြစ်ပါတယ်။ အသိအမှတ်ပြုတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ တက်ရောက်နိုင်ပြီး သင်တန်းပြီးဆုံးပါက Diploma in Banking (DB) ၀င်ခွင့်အတွက် ဖြေဆိုရမယ့် အင်္ဂလိပ်ဘာသာရပ်ကို ကင်းလွတ်ခွင့် ရရှိမှာဖြစ်ပါတယ်။ သင်တန်းကြေးမှာ နှစ်သိန်းလေးသောင်းကျပ် ဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေ အနေနဲ့ နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ လျှောက်ထားရမှာဖြစ်ပါတယ်။ အသေးစိတ်ကို ဖုန်း – ၀၁-၅၄၈၁၄၆ သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ