Barnes & Noble Nook Tablet 10.1

ကန်ဒေါ်လာ – ၁၂၉.၉၉

အားသာချက်

ရုပ်ပြကာတွန်းတွေကို ဖတ်ရှုဖို့အတွက် အကောင်းဆုံးအရွယ် အစားတစ်ခုဖြစ်ပြီး storage အရွယ်ကလည်း ပေးရတဲ့ဈေးနဲ့ယှဉ်ရင် အတော်အသင့် ကောင်းမွန်တဲ့ storage ကို သုံးစွဲရနိုင်မှာက ဒီ tablet ရဲ့အားသာချက်ပါ။

အားနည်းချက်

Performance ပိုင်းကတော့ အရမ်းကြီး ကောင်းမွန်တာမျိုးမရှိသလို ကင်မရာပိုင်းကလည်း စိတ်ကျေနပ်လောက်စေမှာ မဟုတ်ပါဘူး။

အသေးစိတ်ဖော်ပြချက်

MediaTek MT8163 processor ကို အသုံးပြုထားပြီး RAM က 2GB ပါဝင်မှာဖြစ်ပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 32GB ပမာဏရှိတဲ့ storage ထည့်သွင်းပေးထားပါတယ်။ ဒီ tablet ရဲ့ display အရွယ်အစားက ၁၀.၁ လက်မခန့်ရှိမှာဖြစ်ပြီး screen resolution က 1920 x 1200 pixels ရှိမှာဖြစ်ပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ Operating System က Android 8.1 Oreo ဖြစ်ပါတယ်။ microSD ကတ်ထည့်သွင်းအသုံး ပြုနိုင်မှာဖြစ်ပြီး 256GB ပမာဏအထိ အထောက် အပံ့ပေးပါတယ်။ ကင်မရာပိုင်းမှာတော့ ရှေ့ကင်မရာနဲ့ နောက်ကင်မရာတွေကို 2MP ရှိတဲ့ ကင်မရာ တွေ အသုံးပြုထားတာကို တွေ့ရ မှာဖြစ်ပါတယ်။ ဘက်ထရီပိုင်းကတော့ web browsing အ သုံးပြုတာတွေနဲ့ ဗီဒီယို ကြည့်တာတွေ စာဖတ်တာတွေကို ၈ နာရီကျော်ခန့် တောက်လျှောက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

-သီဟ