Chord4U

ဂီတာကော့ဒ်တွေပါဝင်တဲ့ မြန်မာသီချင်းတွေကို ရှာဖွေနိုင်မယ့် App ဖြစ်ပါတယ်။ သီချင်းတွေကို အဆိုတော်နာမည်နဲ့ ရှာဖွေနိုင်မှာဖြစ်သလို၊ သီချင်းအလိုက်လည်း ရှာဖွေနိုင်မှာဖြစ်ပြီး အဆိုတော် တစ်ဦးချင်းစီအနေနဲ့လည်း ရှာဖွေနိုင်မှာဖြစ်ပါတယ်။ မိမိရဲ့ သီချင်းဂီတာကော့ဒ်တွေကိုလည်း App ကနေ တစ်ဆင့် ပြန်လည် မျှဝေနိုင်မှာဖြစ်ပြီး အွန်လိုင်းအခြေပြု App ဖြစ်ကာ Offline အနေနဲ့လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 5.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

-ရဲထွဋ်ဝင်း