CV Form စနစ်တကျရေးသားခြင်း အပါအဝင် လုပ်ငန်းခွင်အကျိူးပြု အင်္ဂလိပ်စာသင်တန်းများ အခမဲ့ တက်ရောက်နိုင်

CV Form ကို စနစ်တကျရေးသားခြင်း အပါအဝင် လုပ်ငန်းခွင်အကျိူးပြု အင်္ဂလိပ်စာသင်တန်းတွေကို အခမဲ့ တက်ရောက်နိုင်မယ်လို့ Wall Street English Myanmar မှသိရပါတယ်။

How to write the prefect CV (CV Form စနစ်တကျရေးသားခြင်း) သင်တန်းကို အောက်တိုဘာ ၂၉ ရက်၊ ညနေ ၆ နာရီခွဲမှ ည ၈ နာရီခွဲ အထိ Wall Street English Center 3 ရှိရာ Myanmar Plaza မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“သင်တန်းသားမဟုတ်တဲ့သူတွေ အတွက် လစဉ် အခမဲ့တက်ရောက်နိုင်မယ့် အတန်းချိန်တွေကို စီစဉ်ထားပါ တယ်၊ အဲဒီအချိန်တွေမှာ သင်တန်းကျောင်းကို အခမဲ့ လာတက်နိုင်တဲ့အပြင် ကိုယ့်ရဲ့အင်္ဂလိပ်စာ Level ဘယ်လောက်ရှိသလဲဆိုတာကိုလည်း အခမဲ့စစ်ဆေးတာမျိူး၊ ပညာရေးအတိုင်ပင်ခံနဲ့တွေ့ပြီး အင်္ဂလိပ်စာ တိုးတက်ရေးအတွက် ဆွေးနွေးတာမျိုးလည်းလုပ်လို့ရပါတယ်” လို့ Wall Street English မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခမဲ့တက်ရောက်နိုင်မယ့် သင်တန်းတွေကတော့ How to write the perfect CV, Developing Assertive Communication Skills, Impromptu Event, Halloween Party, 21+ Mixer Event, Random Acts of Kindness တွေဖြစ်ပြီး မိမိ စိတ်ဝင်စားတဲ့ အတန်းခေါင်းစဉ်နဲ့ အတန်းချိန်အကြောင်းကို Wall Street English Myanmar ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာသို့လည်းကောင်း၊ ဖုန်း ၀၉၆၇၉၇၇၃၄၆၈ သို့လည်းကောင်း ဆက်သွယ် မေးမြန်း စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။