Death Stranding

သိပ္ပံခေတ်လွန် ဇာတ်လမ်း သွားပုံစံ ဖန်တီးထားတယ်၊ ပုံမှန် မြင်နေကျမဟုတ်တဲ့ဇာတ်လမ်း သွားဒီဇိုင်းနဲ့ လုံးဝအသစ်ထွက် လာတဲ့ဂိမ်းပါ။ ကစားသူက Sam Bridges ရဲ့ နေရာမှာ ၀င်ကစား ရမှာပါ။ Online အနေနဲ့လည်း ကစားနိုင်ပြီး လက်ရှိမှာ PS4 တစ်ခုတည်းအတွက် ထွက်ထား သေးပေမယ့် လာမယ့်နှစ်အတွင်း Wins စနစ်အတွက်လာဖို့ ရှိနေပါတယ်။

အဆုံးမဲ့ ပတ်ဝန်းကျင်စနစ်မှာ ၀င်ကစားရမယ်၊ သိပ္ပံခေတ်လွန် အနေအထားမှာ လူသားပုံစံ စက် ရုပ်တွေရဲ့ ကြီးစိုးမှုကို ခံနေရချိန်၊ လူသား အပါအဝင် သက်ရှိမျိုးနွယ် အားလုံး ပျက်သုဉ်းစေဖို့ ဖိအား ပေးခံနေရချိန် ဖြစ်ပါတယ်။ က စားသူက Chiral Network လို့ ဂိမ်းအတွင်း အမည်ပေးထားတဲ့ စနစ်အတိုင်း သက်ရှိ သန္ဓေသား ပြွန်တွေကို သယ်ဆောင်ပေးရသူ၊ ထုတ်လုပ်သူနဲ့ မှာယူသူအကြား ပုံမှန်ပို့ဆောင်ရေးသမားထက် ပိုတဲ့တိုက်ခိုက်ရေးပါ ကျွမ်းကျင် ပြီး လိုအပ်တဲ့ ရည်ရွယ်ချက်ကို မဖြစ် ဖြစ်အောင် ဆောင်ရွက် ပို့ဆောင်နိုင်သူပေါ့။

Sam အတွက် ရန်သူကတော့ လူသားသဏ္ဍာန် စက်ရုပ်တွေလို့ အလွယ်ပြောနိုင်မှာပါ။ ဒါပေမဲ့အ ဆင့်မြင့် စက်ရုပ်တွေဖြစ်ပြီး ရုပ် ပြောင်း ရုပ်လွှဲ၊ အသံ၊ သဏ္ဍာန် ပြောင်းလဲမှုအားလုံးကို စိတ် ကြိုက် ပြောင်းလဲပစ်နိုင်တဲ့အစွမ်း ရှိသူတွေပါ။ နားလည်လွယ် အောင်သာ စက်ရုပ်တွေလို့ ပြော လိုက်ပေမယ့် ဂိမ်းအတွင်းမှာ တော့ ရန်သူတွေကို MULE လို့ ခေါ်ပြီး စိတ်ကြိုက် ဖန်တီးထား သူတွေလို့ ဆိုပါတယ်။သူတို့တွေ က ပုံမှန်မျက်စိနဲ့ မမြင်နိုင်ဘူး၊ Sam အနေနဲ့ အထူးဖန်တီးထား တဲ့ အာရုံခံဖမ်းစက်ကို ၀တ်ဆင် လိုက်မှ MULE တွေကို မြင်နိုင်၊ ရှောင်နိုင်၊ တိုက်ခိုက်နိုင်မှာ ဖြစ်ပါ တယ်။

ဇာတ်လမ်းသွား တလျှောက် Sam အနေနဲ့ ရန်သူနဲ့ တိုက်ခိုက်ရင်း သေသွားမယ်ဆိုရင် ပုံမှန်ဂိမ်းတွေမှာလို အခန်းအစကပြန်က စားရတာမျိုး၊ သတ်မှတ်အချိန် ကာလ တစ်ခုမှာ ပြန်လည်ရှင် သန်တာမျိုးမရှိဘဲ Seam လို့ အမည်ပေးထားတဲ့ ရေအောက် ကမ္ဘာဆီ ကျသွားမယ်၊ ၀ိဉာဉ် နဲ့ ခန္ဒာကိုယ် ကွဲသွားပြီး ၀ိဉာဉ်က ကိုယ်လုံးဆီပြန်လည် ရောက်ရှိ အောင် ကူးခတ်သွားနိုင်မှ အသက် ပြန်လည် ရှင်သန်မှာပါ။ ဒါကြောင့် သေဆုံးသွားချိန်မှာတောင် နား နေလို့မရဘဲ ပြန်လည် ရှင်သန်ဖို့ ကူးခတ်သွားလာရမှုတွေ လုပ် ဆောင်နေရဦးမှာပါ။ Sam အနေနဲ့ MULE တစ်ကောင်ကောင်ကို သတ်လိုက်နိုင်ရင်တော့ ပေါက်ကွဲ မှုကြီးဖြစ်ပြီး ရန်သူကို အပြီးသတ် ချေမှုန်းနိုင်လိုက်မှာပါ။

Sam အတွက် သွားလာရေး တွေမှာ သုံးဖို့ ကြိုး၊ လှေခါးနဲ့ လျှပ်စစ်အားသွင်းဖို့ မီးစက်လေး တွေ တပါတည်း ယူနိုင်မယ်၊ တိုက်ခိုက်ရေးအတွက် လက်နက်တွေလည်း သုံးနို်င်မယ်၊ Chiral Network ကနေတစ်ဆင့် လိုအပ် တဲ့ လက်နက်နဲ့ထောက်ပံ့ ပစ္စည်း တွေလည်းမှာလို့ရနိုင်တယ်။ဒါပေ မဲ့ အချိန်အနည်း ငယ်တော့ပေးရ မှာပါ။ ဂိမ်းကိုအနိုင်ရဖို့အတွက် က Sam မသေဆုံးဘဲ ပန်းတိုင်ကို ရောက်ဖို့တင်မဟုတ်ဘဲ သယ် ဆောင် သွားရမယ့်သန္ဓေသား ပြွန် ကိုပါ မပျက်စီး မပျောက် ဆုံးဘဲ လိုရာကို ပို့ဆောင်နိုင်ဖို့လည်းလို အပ်ပါသေးတယ်။ Sam ရဲ့အ သက်သေဆုံးမှုက အထက်မှာ ပြောခဲ့ပြီးသလို ရေအောက် ကမ္ဘာမှာ ပြန်လည် ကူးခတ်ရင်း ပြန်လည် ရှင်သန်အောင် လုပ် ဆောင်နိုင်ပေမယ့် သန္ဓေသားပြွန် ပျက်စီးသွားရင်တော့ ဂိမ်းကိုအ နိုင်ရဖို့ မလွယ်တော့ပါဘူး။ Recover လုပ်နိုင်မယ့် နည်းတစ်ခု ရှိပေမယ့် သင့်အနေနဲ့ ကစား ကြည့်မှသိလာအောင် ၀ှက်ဖဲ တစ်ချပ်ထားခဲ့ပါရစေ။ ကဲ ဒါဆို ပုံမှန် မြင်နေကျ သိပ္ပံခေတ်လွန် ဂိမ်းမဟုတ်တဲ့ Death Stranding ကို စမ်းကစားကြည့်ဖို့ သင်စိတ် ၀င်စားနေလောက်ပြီလို့ ထင်ပါတယ်နော်။