Facebook အကောင့်ခိုးယူခံရသည့်အခါတွင် အကူအညီရယူနိုင်မည်

Facebook အကောင့်ခိုးယူခံရတဲ့အခါမျိုးမှာ facebook.com/hacked သို့ ဆက်သွယ်အကြောင်းကြားဖို့နဲ့ ယင်းသို့ ဆက်သွယ် အကြောင်းကြားသူတွေကိုလည်း အီးမေးလ် သို့မဟုတ် ဖုန်းနံပါတ်နဲ့ချိတ်ဆက်ကာ အကောင့်ပြန်လည်ရရှိဖို့ ကူညီပေးမှာဖြစ်တယ်လို့ facebook ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Facebook အကာင့် လော့ခ်ကျခဲ့ပါက ဆက်သွယ် အကူအညီတောင်းနိုင်တဲ့ သူငယ်ချင်းတွေကို ကြိုတင်ရွေးချယ်ထားပါကလည်း facebook အကောင့်ခိုးယူခံရတဲ့အခါ ပြန်လည်ရယူဖို့ အထောက်အကူ ဖြစ်နိုင်တယ်လို့ facebook ကဆိုပါတယ်။ Facebook အကောင့် လော့ခ်ကျတဲ့အခါမျိုးမှာ အကူအညီ ဆက်သွယ်တောင်းခံနိုင်တဲ့ သူငယ်ချင်းတွေကို ကြိုတင်ရွေးချယ်ဖို့အတွက် facebook ရဲ့ Security and Login အောက်က Choose friends to contact if you get locked out မှာ သူငယ်ချင်းသုံးဦးမှ ငါးဦးအထိ ရွေးချယ် သတ်မှတ်ထားရမှာဖြစ်ပါတယ်။

ယင်းသို့ရွေးချယ်ထားပါက facebook အကာင့် ခိုးယူခံရတဲ့အခါ Forgotten Account မှာ အီးမေးလ် သို့မဟုတ် ဖုန်းနံပါတ်ကို ရိုက်နှိပ်ကာ မိမိအကောင့်တွင်းရှိ ရွေးချယ်ထားတဲ့ သူငယ်ချင်းတွေနဲ့ ပြန်လည်ချိတ်ဆက်ကာ အကောင့်ကို ပြန်လည်ရယူနိုင်မယ်လို့ facebook ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိမိအကောင့် ခိုးယူခံရတာမျိုး ဒါမှမဟုတ် အကောင့်လော့ခ်ကျတာမျိုးတွေ ဖြစ်ပေါ်တဲ့အခါမှာ facebook ကနေ ရွေးချယ်ထားတဲ့ သူငယ်ချင်းထံကို ဖေ့စ်ဘွတ်ခ်ကွန်ရက် ကအကောင့်လော့ခ်ကျတဲ့ အကြောင်းကြားစာနဲ့ အကောင့် ပြန်လည်ရယူနိုင်မယ့် ကုတ်နံပါတ်တွေကို ပေးပို့မှာဖြစ်ပြီး အ ဆိုပါ ကုတ်နံပါတ်ကို အသုံးပြုကာ အကောင့်ပြန်လည်ရယူနိုင်မယ့်လို့ ဆိုပါတယ်။

Facebook အပါအဝင် အက်ပလီကေးရှင်းအသစ်၊ ပလက်ဖောင်းအသစ်များနဲ့ အသုံးပြုသူ များပြားလာတဲ့အခါ ကိုယ်ရေးအချက်အလက်များ ပိုမိုပေါက်ကြားနိုင်ပြီး အားနည်းချက်အသစ်များလည်း ပိုမို ပေါ်ထွက်လာနိုင်တယ် လို့ facebook ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

-ရဲထွဋ်ဝင်း