Find My, Screen Time တို့ပါဝင်တဲ့ macOS Catalina ကို Apple ဖြန့်ချိ

Apple ဟာ Mac တွေအတွက် operating system ဗားရှင်းသစ် macOS Catalina ကိုဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ macOS Catalina ဟာ beta စမ်းသပ်မှုနဲ့ ပြန်လည်သန့်စင်မှုကို လပေါင်းများစွာ ပြုလုပ်ပြီးနောက် ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။

macOS Catalina ကို Mac App Store ကနေ အခမဲ့ download လုပ်နိုင်ပြီး သင့်တော်တဲ့ Mac တွေမှာ ထည့်သွင်းနိုင်ပါတယ်။ macOS Catalina မှာ iTunes မပါတော့ဘဲ Music, Podcasts နဲ့ TV app တွေ ပါဝင်လာပါတယ်။ အဲဒီ app တွေက iTunes နဲ့လုပ်ဆောင်ချက် ဆင်တူပါတယ်။

iOS device management ကလည်း Mac မှာပါဝင်လာပြီး iTunes အစား Finder ကိုအသုံးပြုနိုင်ပါတယ်။ System Preferences အတွင်းက profile setting အသစ်ကတစ်ဆင့် Apple ID လုပ်နိုင်ပါပြီ။

TV app မှာတော့ 4K HDR နဲ့ Dolby Atmos တို့ထောက်ပံ့ထားတဲ့ တီဗီနဲ့ ရုပ်ရှင်တွေပါဝင်လာပါတယ်။ Music app ကတော့ Apple Music နဲ့ သုံးစွဲသူရဲ့ iTunes library ကိုအသုံးပြုလို့ရပါတယ်။ Podcasts app မှာတော့ Podcasts library နဲ့အတူ ရှာဖွေနိုင်တဲ့ feature တွေပါဝင်ပြီး ထိပ်တန်းစာရင်းဝင် content ကိုလည်း ပြသပေးပါတယ်။

Sidecar feature သစ်ကတော့ ခလုတ်တစ်ချက်တည်းနဲ့ Mac အတွက် ဒုတိယမြောက် display အဖြစ် iPad ကို အသုံးပြုနိုင်ပါတယ်။ သုံးစွဲသူက Mac နဲ့ချိတ်ဆက်ထားတဲ့ iPad မှာ Photoshop နဲ့ Illustrator လိုမျိုး app တွေအသုံးပြုတဲ့အခါ ပုံဆွဲဖို့ Apple Pencil ကိုအသုံးချနိုင်ပါတယ်။

macOS Catalina နဲ့အတူ Apple Watch ကိုအသုံးပြုပြီး password တွေအတွက် လုံခြုံရေးဆောင်ရွက်ချက်တွေကို approve လုပ်နိုင်ပါတယ်။ T2 ချစ်ပ်အသုံးပြုထားတဲ့ Mac တွေမှာဆို Activation Lock ကိုထောက်ပံ့ထားပါတယ်။

Find My app ကတော့ Mac မှာ ပထမဆုံးအကြိမ် ပါဝင်လာပြီး offline ဖြစ်နေတဲ့အချိန်မှာတောင် ထုတ်ကုန်ကို ခြေရာခံပေးပါတယ်။ Notbook တွေကို ပိတ်ထားတဲ့အချိန်မှာလည်း ခြေရာခံပေးပါတယ်။

Screen Time ကို iPhone နဲ့ iPad တွေအပြင် macOS Catalina အသုံးပြုတဲ့ Mac တွေအတွက်လည်း ထောက်ပံ့ပေးလိုက်ပါတယ်။ ဒါကြောင့် သုံးစွဲသူက ထုတ်ကုန်တွေအားလုံးမှာ screen အသုံးပြုမှု ဘယ်လောက်ရှိနေပြီ ဆိုတာကို သိနိုင်ပါတယ်။

Apple အစီအစဉ်သစ်တစ်ခု ဖြစ်တဲ့ Project Catalyst ကတော့ Mac app တွေများပြားလာဖို့ iPad app တွေကို Mac ဆီပေးပို့ရအောင် လွယ်ကူအောင် developer တွေကို အကူအညီပေးနိုင်ပါတယ်။

Photos ရဲ့ interface သစ်ကတော့ ဓာတ်ပုံတွေကို နေ့ရက်၊ လအလိုက် ဒါမှမဟုတ် နှစ်အလိုက် စုစည်းဖော်ပြပေးနိုင်ပါတယ်။ Safari မှာတော့ start page အသစ်ပါဝင်ပြီး Mail မှာတော့ အီးမေးလ် threads နဲ့ ပေးပို့သူကို ပိတ်ပင်နိုင်မယ့် tool အသစ်တွေပါဝင်လာပါတယ်။ Reminder app ကိုလည်း ပြင်ဆင်ထားပါတယ်။

macOS Catalina အတွက် လုံခြုံရေးအဆင့်မြှင့်တင်ထားပြီး Apple ရဲ့လုံခြုံရေးအစီအမံသစ် Gatekeeper ကတော့ လုံခြုံရေးပြဿနာအားလုံးကို စစ်ဆေးပေးပါတယ်။ အချက်အလက်ကာကွယ်မှု အသစ်ကလည်း စာရွက်စာတမ်းတွေ မဖွင့်ခင်မှာ app က permission ယူဖို့ လိုအပ်အောင် ပြုလုပ်ပေးထားပါတယ်။

macOS Catalina ကိုသုံးစွဲသူမယ့် Mac အသုံးပြုသူတွေအနေနဲ့ 32-bit app တွေကို အသုံးပြုနိုင်တော့မှာ မဟုတ်ဘူးဆိုတာ သတိပေးလိုပါတယ်။ ဒါကြောင့် macOS Catalina ကိုအသုံးပြုရင် app အဟောင်းကို သုံးနိုင်မှာ မဟုတ်ပါဘူး။

စိုးထက်
Ref: MacRumors