Global MBA Offshore Program သင်တန်းလျှောက်လွှာခေါ်ယူ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းချုပ်နဲ့ ထိုင်းနိုင်ငံ University of the Thai Chamber of Commerce (UTCC) တို့ပူးပေါင်းပြီး စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့သင်တန်း Global MBA (Batch-14) အတွက် လျှောက်လွှာခေါ်ယူနေပါတယ်။

သင်တန်းကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး ထိုင်းနိုင်ငံ University of the Thai Chamber of Commerce (UTCC) မှ နိုင်ငံတကာတက္ကသိုလ်တွေမှ ပါမောက္ခတွေ၊ အမေရိကန်တက္ကသိုလ်တွေမှ ပါရဂူဘွဲ့ရ ထိုင်းပါမောက္ခတွေ ပူးပေါင်းသင်ကြားပို့ချပေးတဲ့ မဟာဘွဲ့သင်တန်း ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ ဒီဇင်ဘာ ၁၃ ရက် နောက်ဆုံးထားကာ UMFCCI Training Institute ဖုန်း – ၀၁-၂၃၀၂၄၈၅၊ ၀၉၆၉၉၄၁၉၃၈၃ နဲ့ ၀၉၄၅၀၀၅၁၆၄၈ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ