GoodShal

မြန်မာဇာတ်ကား၊ အင်္ဂလိပ်စာတန်းထိုးသီချင်း၊ စာပေဟောပြောပွဲ၊ တရား စတဲ့ စုံလင်လှတဲ့ အကြောင်းအရာပေါင်းစုံကို ရှာဖွေကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ ဒါ့အပြင် Channel 7, MRTV-4, မဟာဗောဓိ စတဲ့ ရုပ်သံလိုင်းတွေက Live ထုတ်လွှင့်မှုတွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပြီး နိုင်ငံခြားဇာတ်လမ်းတွေ၊ ပညာရေးဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာတွေနဲ့ စာအုပ်စာပေဆိုင်ရာတွေကို ကဏ္ဍအလိုက် ခွဲခြားထားပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

-ရဲထွဋ်ဝင်း