Google Pixel 4 XL ဓာတ္ပုံထြက္ရွိလာ

[ Zawgyi ]

Google ဟာ Pixel 4 ေက်ာဘက္ကုိ ျပသထားတဲ့ ဓာတ္ပုံကို တင္ခဲ့ပါတယ္။ အခုဆိုရင္ @OnLeaks က Pixel 4 XL ရဲ႕ 3D သ႐ုပ္ေဖာ္ပုံကုိ အြန္လိုင္းတင္ခဲ့ၿပီး notch အႀကီးစားပါဝင္တာကို မေတြ႕ရပါဘူး။

Pixe 4 XL မွာ notch, punch hole, pop-up ေတြမပါဝင္ဘဲ dual selfie ကင္မရာ၊ sensor ေတြနဲ႔အတူ ထိပ္ဘက္က ပုံမွန္ေဘးေဘာင္တစ္ခုပဲ ပါဝင္လာတာ ေတြ႕ရပါတယ္။
@OnLeaks နဲ႔ PriceBaba ကလည္း လြန္ခဲ့တဲ့ ၁ လ ေလာက္က အရြယ္ေသးငယ္တဲ့ Pixel 4 သ႐ုပ္ေဖာ္ပုံေတြ ျပသခဲ့ပါတယ္။

Pixel 4 XL မွာ ၆.၂၅ လက္မ (19.5:9 aspect ratio) ျဖစ္ၿပီး in-display fingerprint reader ပါဝင္လာႏိုင္ပါတယ္။ Pixel 4 မ်က္ႏွာျပင္ကေတာ့ ၅.၆ လက္မ ဒါမွမဟုတ္ ၅.၈ လက္မ ျဖစ္ႏိုင္ပါတယ္။

Google Pixel 4 ဖုန္းေတြရဲ႕ ကင္မရာ ၃ လုံးမွာ 16MP telephoto ကင္မရာတစ္လုံး ပါဝင္သလို 3D ToF sensor လည္းပါဝင္ႏိုင္ပါတယ္။ ေရွ႕ကင္မရာ ၂ လုံးမွာ 3D sensor ပါဝင္လာဖြယ္ရွိၿပီး လုံၿခဳံတဲ့ face unlock လည္း ပါဝင္ႏိုင္ပါတယ္။

Pixel 4 XL မွာ စတီရီယိုစပီကာေတြ၊ USB-C ေပါက္ ပါဝင္ေပမယ့္ 3.5mm နားၾကပ္ေပါက္တို႔ မပါဝင္ပါဘူး။ Pixel 4 XL မွာေတာ့ Snapdragon 855 chipset နဲ႔ RAM 6GB တို႔ပါဝင္လာဖြယ္ရွိၿပီး ေအာက္တိုဘာလအတြင္း မိတ္ဆက္ႏိုင္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Google ဟာ Pixel 4 ကျောဘက်ကို ပြသထားတဲ့ ဓာတ်ပုံကို တင်ခဲ့ပါတယ်။ အခုဆိုရင် @OnLeaks က Pixel 4 XL ရဲ့ 3D သရုပ်ဖော်ပုံကို အွန်လိုင်းတင်ခဲ့ပြီး notch အကြီးစားပါဝင်တာကို မတွေ့ရပါဘူး။

Pixe 4 XL မှာ notch, punch hole, pop-up တွေမပါဝင်ဘဲ dual selfie ကင်မရာ၊ sensor တွေနဲ့အတူ ထိပ်ဘက်က ပုံမှန်ဘေးဘောင်တစ်ခုပဲ ပါဝင်လာတာ တွေ့ရပါတယ်။
@OnLeaks နဲ့ PriceBaba ကလည်း လွန်ခဲ့တဲ့ ၁ လ လောက်က အရွယ်သေးငယ်တဲ့ Pixel 4 သရုပ်ဖော်ပုံတွေ ပြသခဲ့ပါတယ်။

Pixel 4 XL မှာ ၆.၂၅ လက်မ (19.5:9 aspect ratio) ဖြစ်ပြီး in-display fingerprint reader ပါဝင်လာနိုင်ပါတယ်။ Pixel 4 မျက်နှာပြင်ကတော့ ၅.၆ လက်မ ဒါမှမဟုတ် ၅.၈ လက်မ ဖြစ်နိုင်ပါတယ်။

Google Pixel 4 ဖုန်းတွေရဲ့ ကင်မရာ ၃ လုံးမှာ 16MP telephoto ကင်မရာတစ်လုံး ပါဝင်သလို 3D ToF sensor လည်းပါဝင်နိုင်ပါတယ်။ ရှေ့ကင်မရာ ၂ လုံးမှာ 3D sensor ပါဝင်လာဖွယ်ရှိပြီး လုံခြုံတဲ့ face unlock လည်း ပါဝင်နိုင်ပါတယ်။

Pixel 4 XL မှာ စတီရီယိုစပီကာတွေ၊ USB-C ပေါက် ပါဝင်ပေမယ့် 3.5mm နားကြပ်ပေါက်တို့ မပါဝင်ပါဘူး။ Pixel 4 XL မှာတော့ Snapdragon 855 chipset နဲ့ RAM 6GB တို့ပါဝင်လာဖွယ်ရှိပြီး အောက်တိုဘာလအတွင်း မိတ်ဆက်နိုင်ပါတယ်။

Ref: GSMArena