Halo: Reach

Microsoft Game Studios ကနေ ဖြန့်ချိလာတဲ့ ဂိမ်းကောင်းတစ်ခုပါ။ မူလကတော့ Xbox One အတွက်ပဲ သီးသန့်လာပေမယ့် အခုတော့ Wins စနစ်အတွက်ပါ Upgrade လုပ်လာလို့ ပြည်တွင်း ဂိမ်းကစားသူတွေအတွက် စိတ် ကြိုက်ဖြစ်လာပါလိမ့်မယ်။ ဂိမ်းက သိပ္ပံခေတ်လွန် အနေအထားကို စိတ်ကူးယဉ် ဖန်တီးထားတာ တွေ့ ရပြီး သက္ကရာဇ် ၂၅၅၂ ခုနှစ်မှာ ရောက်နေပါလိမ့်မယ်။ လူသားအချင်းချင်း စစ်ဖြစ်နေခြင်းလည်း မဟုတ်တော့ပဲ Covenant လို့ အမည်ပေးထားတဲ့ ဂြိုလ်သားတွေနဲ့ နယ်မြေလုနေရတာပါ။

ကမ္ဘာမြေကို ကျွန်ပြုဖို့ရောက်လာတဲ့ ဂြိုဟ်သားတွေနဲ့ တိုက်ခိုက်ရင်း နောက်ဆုံးအဆင့်ထိအောင် အနိုင်ရဖို့အတွက် ဂြိုဟ်သားတွေရဲ့ ပင်မယာဉ်ပျံကို ဖျက်ဆီးပစ်လိုက်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ကစားသူကတော့ Noble Six အမညရှိ အထူးတပ်ဖွဲ့ ၀င်တွေအဖြစ် ၀င်ရောက်ကစားရမှာပါ။ Single အနေနဲ့ရော Multi အနေနဲ့ပါ ကစားနိုင်မယ့် အခုဂိမ်းက Multi အနေနဲ့ဆိုရင်တော့ တကယ်တမ်းတပ်စု အဖွဲ့လိုက် စစ်မြေပြင်ရောက်နေသလို ကစားလို့ စိတ်တိုင်းကျစေပါလိမ့်မယ်။

ခေတ်လွန်အနေအထားမှာ ကစားသူတွေက သံချပ်ကာတွေရော လက်နက်တွေပါ အထူးတပ်ဆင်ထားတဲ့ စက်ရုပ်သဏ္ဍာန် ကိုယ်ထည်အတွင်း ၀င်ရောက်ပစ်ခတ်တိုက်ခိုက်ရမှာပါ။ ဒါကြောင့် လက်နက်တွေ အများအပြား သယ်ဆောင် ပစ်ခတ်တိုက်ခိုက်နိုင်မယ်၊ ခံနိုင်ရည်အား ပိုကောင်းတယ်၊ ခံနိုင်ရည်နည်းလာပြီဖြစ်တဲ့ ချပ်ဝတ်တွေကို လဲလှယ်ရ လွယ်ကူမယ်၊ စတဲ့အားသာချက် တွေရလာပါတယ်။ ၆ ယောက် တစ်ဖွဲ့ပုံစံ အထူးတပ်ဖွဲ့က ဂြိုဟ်သားတွေရဲ့  ပင်မယာဉ်ပျံကို ဖျက်ဆီးဖို့ စေလွှတ်ခံရတာဖြစ်ပြီး တစ်ယောက်ချင်းစီမှာ စွမ်းဆောင်ရည် အားသာချက် တစ်ခုစီရှိမယ်၊ ကစားသူက မိမိနှစ်သက်တဲ့ ဇာတ်ကောင်စရိုက်ကို ရွေးချယ်ကစားနိုင်မယ်၊ ကစားသူကလွဲရင် ကျန်တဲ့တပ်ဖွဲ့ဝင်တွေကတော့ AI စနစ်ကနေ လိုက်ကစားပေးမှာပါ။

ကစားသူက ယာဉ်ပျံတွေ မလိုအပ်ဘဲ ကိုယ်ထည်ရဲ့ နောက်ကျောမှာပါရှိတဲ့ တစ်ကိုယ်တည်း ပျံသန်းဖို့သုံးနိုင်မယ့် အင်ဂျင်ငယ်လေးနဲ့ အမြင့်တွေကို လိုအပ်ချိန်မှာ ပျံသန်းတက်နိုင်မယ်၊ ဖောက်ခွဲရေးပစ္စည်းအစုံ သုံးနိုင်မယ်၊ နည်းပညာလိုအပ်ချက် အကူအညီနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို တောင်းဆိုနိုင်မယ်၊ လက်နက်ကြီးတွေကအစ အသေးစား လက်နက်ငယ်လေးတွေအထိအောင် အစုံသုံးနိုင်မှာပါ။ အနိုင်ရတဲ့အဆင့်တွေ မြင့်လာတာနဲ့အ မျှ လက်နက်ဆန်းတွေ ပိုမိုသုံးနိုင်လာမှာပါ။

ရန်သူ့ဘက်ကတော့ ခြေလျင်စစ်သားတွေအပြင် လေယာဉ်ငယ်တွေနဲ့ပါ တိုက်ခိုက်လာပါလိမ့်မယ်။ ရန်သူစစ်တပ်တစ်ခုလုံးကို အထူးတပ်ဖွဲ့ ၆ ယောက်တည်းနဲ့ ရှင်းလင်းဖို့တော့ မဟုတ်ဘူးနော်။ နေရာတိုင်းမှာ စစ်ပွဲတွေ၊စစ်မြေပြင် လက်ကျန်တွေ ပြည့်နှက်နေမှာပါ။ ကစားသူအနေနဲ့ ပြီးမြောက်ရမယ့် ပန်းတိုင်ကို အဓိကလုပ်ဆောင်သွားဖို့ပဲ ရှိနေပြီးစစ်ပွဲအတွင် းရောက်သွားလဲ ရှေ့ဆက်ဖို့ ပစ်ခတ်ရင်း ဖောက်ထွက်ရမှာပါ။ မိမိရောက်ရှိနေတဲ့ စစ်ပွဲအတွင်း မိမိဘက်က အနိုင်ရအောင် ကူတိုက်ပေးနေဖို့ မလိုအပ်ပါဘူး။ နေရာတိုင်းမှာတော့ ရန်သူတွေတစ်ယောက်ချင်းဖြစ်စေ၊ အဖွဲ့ လိုက်ဖြစ်စေ၊ တိုက်ခိုက်ရေးယာဉ်ပျံတွေ ဖြစ်စေရှိနေနိုင်တာကြောင့် အထူးဂရုစိုက်ပြီး ရှေ့တက်ဖို့ လို အပ်ပါလိမ့်မယ်။

သြော် နောက်ဆုံးတစ်ခုပြောဖို့ ကျန်သေးတယ်၊ ကစားသူ ၀တ်ထားရတဲ့ ချပ်ဝတ်ကိုယ်ထည်က အားပြန်ဖြည့်ရတယ်နော်။ ဒီတော့ ခံနိုင်ရည် အားနည်းနေပြီလားဆိုတဲ့ အသက်လက်ကျန်တစ်ခုတည်းကိုပဲ အာရုံစိုက်မနေနဲ့နော်၊ မိမိကိုယ်ထည်က အားမရှိတော့ရင် ဘယ်မှဆက်သွားလို့ မရတော့ဘူး။ ကိုယ်ထည်အတွင်းက ထွက်လိုက်ရင်လည်း လူသားတစ်ယောက်အနေနဲ့ သေနတ်မှန်ရုံနဲ့ သေသွားနိုင််တာမို့ အားလက်ကျန်ကိုပါ သတိထားဖို့ လိုပါလိမ့်မယ်။