Huawei Mate 30 Pro စမတ်ဖုန်းကို ပြည်တွင်းမှာ မိတ်ဆက်

3D Depth Sensing ကင်မရာနဲ့ အဆင့်မြင့် အာရုံခံရုပ်ရှင်ကင်မရာ SuperSensing Cine ကင်မရာ ၃ လုံးပါဝင်တဲ့ Huawei Mate 30 Pro စမတ်ဖုန်းကို ဒီဇင်ဘာလဆန်းမှာ ပြည်တွင်းဈေးကွက်အတွင်း ငွေမင်၊ အနက် အရောင်နှစ်မျိုးနဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Huawei Mate 30 Pro ဖုန်းရဲ့ မြင်ကွင်းအရွယ်အစားကတော့ ၆.၅၃ လက်မရှိပြီး ရုပ်ထွက်အရည်အသွေး 2400×1176 pixel အထိ ထောက်ပံ့ပေးနိုင်တဲ့ FHD Display အမျိုးအစားဖြစ်ပါတယ်။ အမြန်နှုန်း 2.8GHz ရှိတဲ့ Huawei Kirin 990 Quad-core Processo နဲ့ အတူ RAM 8GB ထည့်သွင်းအသုံးပြုထားပါတယ်။ ချက်အလက်သိုလှောင်မှုအတွက် 256GB ROM ပါဝင်ပြီး nano Memory ကတ် 256GB ကို ထပ်မံထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

 

ကျောဘက်မှာ Aperture f/1.6 ရှိတဲ့ 40MP wide ကင်မရာ၊ Aperture f/2.4 ရှိတဲ့ telephoto ကင်မရာ၊ Aperture f/1.8 ရှိတဲ့ 40MP ultrawide ကင်မရာနဲ့ 3D depth sensing ကင်မရာ စုစုပေါင်း လေးလုံးပါဝင်ပြီး ရှေ့ဘက်မှာတော့ Aperture f/2.0 ရှိတဲ့ 32MP wide ကင်မရာနဲ့ 3D depth sensing ကင်မရာတွေပါဝင်ပါတယ်။ ကင်မရာစနစ်မှာ PDAF, OIS နည်းပညာတွေ ထောက်ပံ့ပါဝင်ပါတယ်။ ဗီဒီယိုရိုက်ကူးမှုအတွက် gyro-EIS နည်းပညာ ထောက်ပံ့ပါဝင်ပြီး 7680fps အနှေးရိုက်ချက်ဗီဒီယိုကို 720p အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

Android 10 အခြေခံထားတဲ့ Huawei EMUI 10 ကို ထည့်သွင်းထားပြီး လုံခြုံရေးစနစ်အနေနဲ့ 3D Face Unlock နည်းပညာနဲ့ In-screen လက်ဗွေစနစ်တွေထောက်ပံ့ပါဝင်ပါတယ်။ ဘက်ထရီကတော့ Li-Po 4500 mAh အမျိုးအစားဖြစ်ပြီး ဘက်ထရီစနစ်အတွက် အားသွင်းမြန်ဆန်တဲ့ 40W အားသွင်းနည်းပညာ၊ 27W ကြိုးမဲ့အားသွင်းနည်းပညာနဲ့ Mate ဖုန်းအချင်းချင်း ကြိုးမဲ့ အားပြန်သွင်းပေးနိုင်တဲ့ Reverse wireless charging နည်းပညာတွေထောက်ပံ့ပါဝင်ပါတယ်။ အခြားနည်းပညာသစ်တွေအနေနဲ့ AI Gesture Control နည်းပညာ၊ AI Private View နည်းပညာ၊ HiCar Smart travel နည်းပညာ၊ Multi-screen Collaboration နည်းပညာတ ွေထောက်ပံ့ပါဝင်လာတယ်လို့ သိရပါတယ်။

ဈေးနှုန်းကတော့ ၁,၄၉၉,၀၀၀ ကျပ်ဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အတွင်း ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး ကြိုတင်မှာယူသူတွေအနေနဲ့ Huawei Watch GT2 ကို အထူးလက်ဆောင်အနေနဲ့ ရရှိမှာဖြစ်ပါတယ်။ Huawei နဲ့ KBZ ဘဏ်တို့ပူးပေါင်းမှုအနေနဲ့ Mate 30 Pro စမတ်ဖုန်းကို တစ်လ ၁၂၃,၉၁၇ ကျပ်ပေးသွင်းပြီး ၁၂ လ အတိုးမဲ့ အရစ်ကျစနစ်နဲ့လည်း ဝယ်ယူနိုင်မယ်လို့သိရပါတယ်။ Huawei Mate 30 Pro မိတ်ဆက်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၀ ရက်က Lotte ဟိုတယ်မှာကျင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း