IMI Switzerland မှ ဟိုတယ်နှင့် စီးပွားရေးဆိုင်ရာဘာသာရပ်များအတွက် ပညာသင်ဆုပေးအပ်မည်

International Management Institute (IMI) Switzerland မှ ဟိုတယ်နှင့် စီးပွားရေးဆိုင်ရာ ဘာသာရပ်များအတွက် ပညာသင်ဆု ကျပ် ၇၅ သိန်းကျော်ကို မေလကျောင်းဖွင့်ချိန်အတွက် ပေးအပ်သွားမယ် လို့သိရပါတယ်။

အဆိုပါ ပညာသင်ဆုကို (၁၀) တန်းအောင်၊ IGCSE ‘O’ Level / ‘A’ Level ပြီးထားသူများမှစ၍ဘွဲ့ရပြီးသူများ၊ HND (UK), NCC (UK), ABE (UK) ပြီးထားသူများ၊ လုပ်ငန်းခွင်အတွင်းဝင်ရောက်နေသူများ လျှောက်ထားနိုင်ပြီး IMI Switzerland မှာ Foundation, Diploma, Higher Diploma, BA (Hons), Postgraduate Diploma, MBA, MSc, Summer Program နှင့် English အတန်းများဖွင့်လှစ်ပေးထားပြီး International Hospitality Entrepreneurship, Global Business Management, Global Marketing Management, International Hotel & Tourism Management, International Hotel & Events Management နှင့် International Culinary Arts စတဲ့ ဘာသာရပ်တွေကို ရွေးချယ် တက်ရောက်နိုင်ပါတယ်။ စာသင်နှစ်တစ်ခုစီမှာ စာတွေ့ (၅) လ ၊ လက်တွေ့ အလုပ်သင်ကာလ (Internship) (၅) လ ပူးတွဲသင်ယူရပြီး လက်တွေ့အလုပ်သင်ကာလ တစ်လလျှင် အနည်းဆုံး 2,212 CHF ဝန်းကျင် ( မြန်မာကျပ် ၃၃ သိန်းကျော်ဝန်းကျင်) မှစ၍ မိမိ၏ကြိုးစားမှုနှင့် အရည်အချင်းပေါ် မူတည်ကာ လုပ်ခလစာပို၍ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

အသေးစိတ်သိရှိလိုပါက MSI ပညာရေးဝန်ဆောင်မှု ရန်ကုန်ရုံးချုပ်၊ ဖုန်း – ၀၉၅၁၀၃၉၁၅၊ ၀၁-၃၈၁၄၀၈၊ မန္တလေးရုံးခွဲ ဖုန်း – ၀၉၄၄၄၄၄၃၉၁၆ နဲ့ ၀၉၄၄၄၄၄၃၉၁၇ ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

-သန္တာ