iPad မှာ Adobe IIIustrator အသုံးပြုနိုင်တော့မယ်

Adobe အနေနဲ့ ဒီနှစ်အတွင်း iPad အတွက် Photoshop ကိုယူဆောင်လာပေးမယ်လို့ ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့ပါတယ်။ အခုဆိုရင် Adobe Photoshop ကို beta စမ်းသပ်မှုပြုလုပ်နေပါတယ်။ ဒါပေမဲ့ Adobe အနေနဲ့ iPad အတွက် Creative Cloud software ထောက်ပံ့ပေးဖို့ အစီအစဉ်ကို အပြောင်းအလဲပြုလုပ်နေပါတယ်။ iPad အတွက် နောက်ထပ်ထောက်ပံ့ပေးမယ့် Adobe CC app က IIIustrator ဖြစ်တယ်လို့ Bloomberg ကဖော်ပြသခဲ့ပါတယ်။

Adobe ဟာ နိုဝင်ဘာလ အစောပိုင်းပြုလုပ်မယ့် Adobe Max ကွန်ဖရင့်မှာ iPad အတွက် IIIustrator ကို ထုတ်ဖော်ပြသဖွယ်ရှိပါတယ်။ ၂၀၂၀ ခုနှစ်မှပဲ iPad အတွက်ဖြန့်ချိမယ်လို့ Bloomberg ဖော်ပြသွားခဲ့ပါတယ်။ iPad အတွက်ဖြန့်ချိမယ့် IIlustrator မှာ desktop ဗားရှင်းက feature တွေများစွာ ပါဝင်လာနိုင်ပါတယ်။

iPad အတွက် Photoshop ကိုဘယ်အချိန်မှာ ဖြန့်ချိမယ်လို့ မသိရသေးပါဘူး။ iPad အတွက် Photoshop app မှာ desktop ဗားရှင်းက အဓိက လုပ်ဆောင်ချက်နဲ့ feature တချို့မပါဝင်ဘူးလို့ Bloomberg ကပြောနေပါတယ်။ iPad ပေါ်က Photoshop လုပ်ဆောင်ချက်တွေကို အချိန်နဲ့အမျှ တိုးချဲ့သွားမယ်လို့ Adobe ရဲ့ Creative Cloud အုပ်စု ထုတ်ကုန်အကြီးအကဲအရာရှိဖြစ်သူ စကော့ဘယ်စကီက ပြောကြားထားပါတယ်။

စိုးထက်
Ref: TheVerge