Lenovo Smart Tab P10

တန်ဖိုး – ကန်ဒေါ်လာ ၂၈၀ (Amazon Price)

အားသာချက်

Speaker dock နဲ့ တွဲဖက် သုံးစွဲနိုင်သလို ဘက်ထရီ သုံးစွဲနိုင်ချိန် ကြာမြင့်တာက ဒီ tablet ရဲ့ အားသာ ချက်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် Fingerprint ပိုင်း ကောင်းမွန်သလို display ပိုင်းကလည်း အတော် ကောင်းမွန်းပါတယ်။

အားနည်းချက်

Speaker က အသံထွက် ပိုင်းမှာ နည်းနည်း အနည်းငယ် အားနည်းပါတယ်။ dock mode နဲ့ သုံးစွဲမယ်ဆိုရင် Google Assistant ကို သုံးစွဲနိုင်မှာ မဟုတ်ပါဘူး။

အသေးစိတ်ဖော်ပြချက်

Snapdragon 450 chip ကို အသုံးပြုထားပါတယ်။ Processor မြန်နှုန်းကတော့ 1.8GHz ရှိမှာ ဖြစ်ပါတယ်။ RAM ပိုင်းအတွက် 3GB နဲ့ အချက်အလက်တွေ ထည့်သွင်းသိမ်း ဆည်းဖို့အတွက် 32GB ပမာဏရှိတဲ့ storage ပါဝင်မှာဖြစ်ပါ တယ်။ Screen အရွယ်အစား က ၁၀.၁ လက်မခန့်ရှိမှာ ဖြစ်ပြီး resolution က 1920 x 1200 ဖြစ်ပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ Operating System က Android 8.1 ဖြစ်ပါတယ်။ ကင်မရာစနစ်အနေနဲ့အရှေ့ဘက် ကင်မရာက 5 megapixels ရှိပြီး အနောက်ဘက်ကင်မရာ က 8 megapixels ရှိမှာဖြစ်ပါ တယ်။ Li-Polymer ဘက်ထ ရီကို အသုံးပြုထားပြီး သိပ်သည်းဆ ကတော့ 7000 mAh ရှိမှာ ဖြစ်ပါတယ်။

-သီဟ