Lenovo ThinkBook 13s

ဈေးနှုန်း – ကန်ဒေါ်လာ ၇၄၉

အားသာချက်

SSD ရဲ့ အမြန်နှုန်းက ရှိသင့်တဲ့စံထက် ပိုမြန်ပြီး Laptop စွမ်းဆောင်ရည်ပိုင်း မြင့်မားကာ ကီးဘုတ် အသုံးပြုရတာ သက်သောင့်သက်သာ ရှိတဲ့အပြင် ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။ မြန်ဆန်တဲ့ လက်ဗွေစနစ် ထောက်ပံ့ပါဝင်တာကလည်း နှစ်သက်စရာပါ။

အားနည်းချက်

SD ကတ်ပေါက်နဲ့ Thunderbolt 3 ပေါက် မပါဝင်တာနဲ့ ဒီဇိုင်းပိုင်း ထူးထူးခြားခြား စိတ်လှုပ်ရှားစရာ မရှိတာတွေက ဒီ Laptop ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

Lenovo ThinkBook 13s က နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့ ဘတ်ဂျက် Laptop တစ်လုံးပါ။ ဒီဇိုင်းက တခြားပြိုင်ဘက် မော်ဒယ်တွေနဲ့ ယှဉ်ရင်တော့ သိပ်ပြီး ဆွဲဆောင်မှုမရှိလှပေမယ့် နေ့စဉ်လုပ်ငန်းဆောင်တာတွေ သာမကဘဲ အခြေခံ ပရော်ဖက်ရှင်နယ် လုပ်ငန်းဆောင်တာတွေကိုလည်း အသုံးပြုနိုင်တဲ့အတွက် မိမိအနေနဲ့ ဒီဇိုင်းကို အဓိက မထားဘဲ စွမ်းဆောင်ရည်ကောင်းမွန်ပြီး ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့ ဘတ်ဂျက် Laptop တစ်လုံးကို လိုချင်တယ်ဆိုရင်တော့ ဒီ Laptop က ထည့်သွင်းစဉ်းစားသင့်တဲ့ Laptop တစ်လုံးပဲဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၃.၃ လက်မရှိတဲ့ Full HD Display က IPS panel အမျိုးအစားဖြစ်ပြီး ရုပ်ထွက် အရည်အသွေးကို 1920×1080 အထိ ထောက်ပံ့နိုင်ပါတယ်။ ဒီ laptop မှာ အမြန်နှုန်း 1.6GHz ရှိတဲ့ Intel Core i5-8265U CPU processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel UHD Graphics 620 ပါဝင်ပါတယ်။ RAM 8 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256GB SSD ကို အသုံးပြုထားပါတယ်။ HD Webcam အမျိုးအစားကို တပ်ဆင်ထားတာဖြစ်ပြီး ၂.၅x၄.၂ လက်မ အရွယ်အစား Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှုကောင်းမွန်ပါတယ်။ WiFi 802.11ac ၊ Bluetooth 5.2 ၊ USB 3.0 Type-A ပေါက်၊ USB-C ပေါက်၊ HDMI ပေါက်၊ Combo Audoi Jack ပေါက်တွေအပြင် လက်ဗွေလုံခြုံရေးစနစ် ပါဝင်ပါတယ်။

မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၈ နာရီနဲ့ ၅၇ မိနစ်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၃ ကီလိုဂရမ် (၂.၈ ပေါင်) ရှိမှာဖြစ်ပါတယ်။

Ref: www.laptopmag.com