Lenovo ThinkPad X1 Tablet (3rd Gen)

တန်ဖိုး – ကန်ဒေါလာ၁၂၆၉ (Amazon Price)

အားသာချက်

စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်ပြီး ဘက်ထရီပိုင်း အချိန်ကြာမြင့်စွာသုံးစွဲနိုင်တာက ဒီ tablet ရဲ့  အားသာချက်ပါ။ Thunderbolt ၂ ပေါက်ပါဝင်ပါတယ်။

အားနည်းချက်

ဈေးနှုန်းအရမ်းမြင့်မားတဲ့အတွက် ငွေကြေးအများအပြား မသုံးလိုသူတွေအတွက်တော့ သိပ်အဆင်မပြေနိုင်ပါဘူး။ ဒါ့အပြင် touchpad ပိုင်းမှာလည်း အနည်းငယ် သုံးစွဲရတာအဆင်မပြေတာမျိုး ရှိနိုင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Intel Quad-core i5 (8th Gen) ကို အသုံးပြုထားပါတယ်။ RAM 8GB အသုံးပြုထားပြီးအ ချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 512 GB ပမာဏရှိတဲ့ storage ကို တပ်ဆင်ထားပါတယ်။ Storage အမျိုးအစားက
တော့ SSD အမျိုးအစားဖြစ်ပါတယ်။ Tablet ရဲ့  မျက်နှာပြင် အရွယ်အစားက ၁၃ လက်မ ရှိမှာဖြစ်ပြီး screen resolution ကတော့ 3000 x 2000 ဖြစ် ပါတယ်။ ဒီ tablet မှာ Windows 10 (Pro) Operating System ကို အသုံးပြုထားပါတယ်။ Graphic ပိုင်းအတွက်ကိုတော့ Intel UHD Graphic 620 အသုံးပြုထားပါတယ်။ ကင်မရာစနစ်အနေနဲ့ နောက်ကျောဘက် အခြမ်းမှာ 8 megapixels ကင်မရာ အသုံးပြုထားပြီး စကရင် ဘက်အခြမ်းမှာတော့ 2 megapixels ကင်မရာ အသုံးပြုထားပါတယ်။ ဒီ tablet ရဲ့ ဘက်ထရီ သုံးစွဲနိုင်မှုကတော့ ပုံမှန်အနေနဲ့ အသုံးပြုမယ်ဆိုရင် ၈ နာရီနဲ့ ၄၉ မိနစ်ခန့် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

-သီဟ