Lenovo ThinkPad X1 Yoga (4th Gen, 2019)

ဈေးနှုန်း ကန်ဒေါ်လာ ၁၃၆၇

အားသာချက်

ရုပ်ထွက်ကာလာပိုင်းကောင်းမွန်သလို တောက်ပမှုရှိတဲ့ 1080p display ၊ ပါးလွှာပြီး အကြမ်းခံတဲ့ သတ္တုကိုယ်ထည်နဲ့ အသုံးပြုရတာ ကောင်းမွန်တဲ့ ကီးဘုတ်စနစ်တွေက ကျေနပ်စရာပါ။ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေအပြင် stylus slot ပေါက်နဲ့ webcam ကာဗာလေးတွေ ပါဝင်တာက ဒီ Laptop ရဲ့ အားသာချက်ဖြစ်ပါတယ်။

အားနည်းချက်

SD ကတ်ပေါက်တော့ မပါဝင်ပါဘူး။

သုံးသပ်ချက်

Thinkpad X1 Yoga က စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်သလို ဒီဇိုင်းပိုင်းကလည်း သေသပ်မှုရှိပါတယ်။ Laptop တစ်လုံးအနေနဲ့ သာမကဘဲ Tablet PC တစ်လုံးကို Stylus Pen နဲ့ တွဲဖက်အသုံးပြုနိုင်မယ့် စွယ်စုံသုံး ထုတ်ကုန်တစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ SD ကတ်ပေါက် မပါဝင်တာကလွဲရင် လုံခြုံရေးစနစ်ပိုင်း၊ တောက်ပပြီး ရုပ်ထွက်ကောင်းမွန်တဲ့ display နဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေက သွားလေရာ Laptop ကို adapter မလိုဘဲ သယ်ဆောင်အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ မိမိအနေနဲ့ စွမ်းဆောင်ရည်မြင့်မားပြီး 2-in-1 အမျိုးအစား Ultraportable Laptop ကို အသုံးပြုချင်တယ်ဆိုရင်တော့ စွယ်စုံသုံး ThinkPad X1 Yoga က ထိပ်တန်းရွေးချယ်စရာတစ်ခုလို့ သုံးသပ်ရမှာဖြစ်ပါ တယ်။

အသေးစိတ်ဖော်ပြချက်

၁၄ လက်မရှိတဲ့ FHD Display က Multi-Touchscreen အမျိုးအစားဖြစ်ပြီး ရုပ်ထွက်အရည်အသွေးကို 1920×1080 အထိ ထောက်ပံ့နိုင်ပါတယ်။ အမြန်နှုန်း 1.6GHz ရှိတဲ့ Intel Core i5-8265U CPU processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel UHD Graphics 620 ပါဝင်ပါတယ်။ RAM 8 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256GB M.2 PCIe-NVMe SSD ကို အသုံးပြုထားပါတယ်။ သူ့မှာ တပ်ဆင်ထားတဲ့ Webcam က 720p အမျိုးအစားဖြစ်ပြီး ၃.၉x၂.၂ လက်မ အရွယ်အစား Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှုကောင်းမွန် ပါတယ်။ လက်ဗွေလုံခြုံရေးစနစ်၊ Stylus Pen နဲ့ Pen ထည့်သွင်းဖို့အပေါက်တွေအပြင် WiFi 802.11ac ၊ Bluetooth 5.0, USB 3.1 Type-A ပေါက်၊ USB-C Thunderbolt, HDMIပေါက်နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။ မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၁၀ နာရီနဲ့ ၁၈ မိနစ်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၃၅ ကီလိုဂရမ် (၂.၉၇ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.laptopmag.com