LG Electronic မှ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် ပြုလုပ်

LG Electronic က ဦးစီးပြုလုပ်တဲ့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို မုံရွာမြို့ရှိ မုံရွာမြို့တော်ခန်းမမှာ ဒီဇင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိ ပြုလုပ်မယ်လို့ သိရပါတယ်။

အဆိုပါ အစီအစဉ်မှာ ရွေ့လျားဆေးကုသခန်းများကို တည်ဆောက်ပြီး ဒေသခံတွေအတွက် အခမဲ့အထွေထွေကျန်းမာရေး စစ်ဆေးမှုများ၊ တစ်ဦးချင်း ဆွေးနွေးမှုများပြုလုပ်နိုင်တဲ့ အပြင် ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလုပ်ရုံဆွးနွေးပွဲများလည်း တက်ရောက်နိုင်မှာဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာရှိတဲ့ ကျေးလက်နေ အိမ်ထောင်စုတွေအတွက် ထူးခြားမှုတစ်ရပ်ကို ဖော်ဆောင်ပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” လို့ LG Electronics မြန်မာရဲ့ ဈေးကွက်ဖော်ဆောင်ရေးမန်နေဂျာ Mr. Min Jae Lee က ပြောကြားခဲ့ပါတယ်။

ယခင်က ပုသိမ်နဲ့ မော်လမြိုင်မြို့တွေမှာ အလားတူအစီအစဉ်ကို ပြုလုပ်ပေးခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဆေးရုံများမှာလည်း ခြင်ပြေးစေနိုင်တဲ့ လေအေးပေးစက်တွေကိုလည်း လှူဒါန်းခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြား ခဲ့ပါတယ်။

-အောင်သက်ကို