Li-Po (Lithium Polymer)

Lithium polymer ဘက်ထရီဆိုတာကတော့ Lithium-ion ဘက်ထရီနည်းပညာလိုမျိုး အားပြန်သွင်းပြီး သုံးနိုင်တဲ့ rechargeable ဘက်ထရီတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီဘက်ထရီနည်းပညာကို LiPo, LIP, Li-poly စတဲ့ အခေါ်အဝေါ်တွေနဲ့ သုံးစွဲလေ့ရှိပြီး တကယ်တမ်းမှာ Lithium-polymer ဘက်ထရီဆိုတာကတော့ Lithium-Ion ဘက်ထရီလိုမျိုးသုံးနိုင်တဲ့ ဘက်ထရီပဲဖြစ်ပြီး လက်ရှိအသုံးပြုနေကြတဲ့ ဘက်ထရီတွေက Lithium-Ion Polymer ဘက်ထရီတွေပဲဖြစ်ပါတယ်။

Lithium-Ion နဲ့မတူညီတဲ့ အချက်က Li-Po ဘက်ထရီတွေကို ထုပ်ပိုးထားမှုပဲဖြစ်ပါတယ်။ Li-Po ဘက်ထရီတွေ ကို နူးညံ့တဲ့ ပလတ်စတစ်အိတ်လိုမျိုး ပုံစံနဲ့ထုပ်ပိုးထားတာ ဖြစ်ပါတယ်။ အဲလိုမျိုး ထုပ်ပိုးထားတဲ့အတွက် Li-Po ဘက်ထရီတွေက ပိုမို ပေါ့ပါးပါတယ်။ Li-Ion နဲ့ နောက်ထပ် မတူညီတာက Li-Po ဘက်ထရီကို လိုအပ်သလို မတူညီတဲ့ ပုံစံဒီဇိုင်းနဲ့ ထုတ်လုပ်နိုင်တဲ့အပြင် ပါးလွှာပြီး သင့်တော်သလို သုံးစွဲနိုင်တာဖြစ်ပါတယ်။

Lithium Polymer (LiPo) ဆိုတဲ့ အသုံးအနှုန်းကတော့ ရေဒီယိုစနစ်သုံး ထုတ်ကုန်ပစ္စည်း အသုံးပြုသူတွေအကြား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိကြပါတယ်။ ထုတ်ကုန်တွေမှာတော့ ဘက်ထရီ cell တစ်ခုတည်းကိုပဲ သုံးစွဲ ထုတ်လုပ်သလို ဘက်ထရီ Pack အနေနဲ့ ထုပ်ပိုးပြီး ဘက်ထရီကို အတွဲလိုက် ဒါမှမဟုတ် နှစ်ခု ယှဉ်ပြိုင်တဲ့ ပုံစံမျိုးနဲ့ ထုပ်ပိုးထားတာဖြစ်ပါတယ်။

အဲဒါကြောင့် Li-Po ဘက်ထရီတွေကို ထည့်သွင်းမှုနေရာနဲ့ အလေးချိန်ကို အနည်းဆုံးထိ လျှော့ချထုတ်လုပ်ဖို့လိုအပ်တဲ့ မိုဘိုင်းဖုန်း၊ Tablet PC, PowerBank, Portable Media Player, အီလက်ထရွန်း နစ်စီးကရက်နဲ့ ပါးလွှာတဲ့ Notebook ကွန်ပျူတာလိုမျိုးမှာ အများဆုံး ထည့်သွင်းအသုံးပြုထားကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း