Motorola Razr 2 ဖုန်းဘေးဘက်မှာ touch sensor တွေထည့်သွင်းထားဖွယ်ရှိ

မကြာသေးခင်က Motorola ဟာ ကုမ္ပဏီရဲ့ ပထမဆုံး Razr ခေါက်စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အခုဆိုရင် မျိုးဆက်သစ် စမတ်ဖုန်းတစ်မျိုးကို ထုတ်လုပ်ဖို့ Motorola ပြင်ဆင်နေပါတယ်။


Motorola ဟာ ခေါက်စမတ်ဖုန်းတစ်မျိုးအတွက် US USPTO နဲ့ WIPO မှာ မူပိုင်ခွင့်သစ်တစ်ခုကို တင်ခဲ့ပါတယ်။ အဲဒီစမတ်ဖုန်းမှာ ခေါက်ထားနိုင်တဲ့ display နဲ့ ဖုန်းရဲ့ ဘေးဘက်မှာ touch ပါဝင်လာမှာ ဖြစ်တယ်လို့ မူပိုင်ခွင့်မူကြမ်းမှာ ဖော်ပြထားပါတယ်။ ဘေးဘက်က touch မှာပါဝင်တဲ့ sensor တွေက လုပ်ဆောင်ချက် အမျိုး ၂၀ ကို ပြုလုပ်နိုင်ကာ လက်ဟန်အမူအရာ အခု ၂၀ ကို သိနိုင်တယ်လို့ မူပိုင်ခွင့်မှာ ဖော်ပြထားပါတယ်။

လက်ဟန်အမူအရာ အမျိုးမျိုးကို ထုတ်ကုန် ပိတ်ထားချိန်မှာလည်း အသုံးပြုနိုင်ပါတယ်။ Motorola အနေနဲ့ ထုတ်ကုန်သစ်မှာ display အတွင်း fingerprint sensor ကိုထည့်သွင်းလိုနေပါတယ်။

Motorola ကမူပိုင်ခွင့်တင်ထားတဲ့ ဖုန်းက Razr 2 ဖြစ်တယ်လို့ LetsGoDigital ကခန့်မှန်းထားပါတယ်။

စိုးထက်
Ref: Gizchina