msi Prestige 15 A10 SC laptop

msi Prestige 15 A10 SC မှာတော့ 10 th Generation Core i7-10710U (6 Core/12 Threads) Processor နဲ့ ဂရပ်ဖစ်ပိုင်းအတွက် Nvidia ရဲ့နောက်ဆုံးပေါ် Geforce GTX 1650 (Max-Q), 4GB GDDR5 ထည့်သွင်းအသုံးပြုထားပါတယ်။ official License Windows 10 Home နဲ့ဖြစ်ပါတယ်။

မျက်နှာပြင်က ၁၅.၆ လက်မ FHD (1920×1080) အရွယ်အစားဖြစ်ပြီး Creator တွေအတွက် ကာလာမှားတဲ့ပြဿနာတွေ မရှိစေတော့မယ့် ၁၀၀ ရာခိုင်နှုန်း RGB/Adobe RGB Display ကို အသုံးပြုထားပါတယ်။ DDR4 32/64 GB အထိတိုးလို့ရတဲ့ RAM နဲ့အတူ 512 GB M.2 NVMe SSD ပါရှိပါတယ်။ ကီးဘုတ်ကိုတော့ Single backlight keyboard (White) ကိုတပ်ဆင်ပေးထားပါတယ်။ ၁၀ နာရီကနေ ၁၆ နာရီအထိ အသုံးခံတဲ့ ဘက်ထရီထည့်သွင်း အသုံးပြုထားပြီး Thunderbolt ပါတဲ့အတွက် Type-C နဲ့တွဲသုံးနိုင်ပါတယ်။ Finger Print Scanner, Laptop ရဲ့ CPU/GPU Performance တွေကို ထိန်းချုပ်နိုင်မယ့် High Performance/Balanced/Silent/Super Battery ဆိုတဲ့ Mode လေးမျိုး ပြောင်းလို့ရမယ့် MSI Creator Center, အပြင်လောက နဲ့ အရောင်တစ်သားတည်းကျနေအောင်မြင်ရမယ့် True Color Technology အစရှိတဲ့ နည်းပညာတွေပါဝင်ပါတယ်။

တန်ဖိုးက ကန်ဒေါ်လာ ၁၃၄၉ ဖြစ်ပြီး Royal Smart Co.,Ltd ကနေတင်သွင်းဖြန့်ချိတာဖြစ်ပါတယ်။

-သန္တာ