Narcos: Rise of the Cartels

Netflix မှာ ပြသတဲ့ Narcos ဇာတ်လမ်းတွဲကို ဂိမ်းအဖြစ် ဖန်တီးထားတဲ့ တိုက်ခိုက်ရေးဆန်ဆန် နည်းဗျူဟာဦးစားပေး ဂိမ်းဖြစ်ပါတယ်။ ၁၉၈၀ ပြည့်နှစ်ကို လံဘီယာနိုင်ငံရဲ့ အနေအထားကို အခြေခံဖန်တီးထားတဲ့ ဂိမ်းဖြစ်ပြီး အဆိုပါ အချိန်က မူးယစ်ရာဇာတွေနဲ့ မူးယစ်တိုက်ဖျက်ရေး အထူးရဲတွေအကြား ဘယ််သူက အနိုင်ရမယ်ဆိုတာ အဖြေထုတ်ရမှာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ထူးခြားချက်တစ်ခုက ပုံမှန် ဂိမ်းတွေမှာဆိုရင် ကစားသူက အထူးရဲတစ်ယောက်ယောက်အနေနဲ့ ၀င်ရောက် ကစားနိုင်မယ်၊ ရန်သူကိုတိုက်ခိုက်ပြီး အနိုင်ရအောင် ကြိုးစားရမယ်ပေါ့။ အခုဂိမ်းမှာက ကစားသူအနေနဲ့ ပွဲစတင်ချိန်ကစပြီး ရဲနဲ့ မူးယစ်ရာဇာ နှစ်ဘက်မှာ နှစ်သက်ရာတစ်ဘက်ကို ရွေးချယ်ကစားနိုင်မှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ရဲကိုရွေးချယ်တယ် ဆိုရင်လည်း မူးယစ်ဂိုဏ်းကို ပြီးပြတ်အောင် နှိမ်နင်းနိုင်ရမယ်၊ မူးယစ်ရာဇာ တစ်ယောက်ဆိုရင်လည်း ရဲတွေကိုကျော်ဖြတ်ပြီး လွတ်မြောက်ဖို့ အတွက်ရော မူးယစ်ရောင်းဝယ်မှုကိုပါ အောင်မြင်အောင် လုပ်ဆောင်နိုင်ရမယ်။ စာရေးသူကတော့ မူးယစ်ရာဇာအနေနဲ့ ၀င်ကစားရတာ ပိုကောင်းတယ်လို့ ယူဆမိတယ်။ တခြားတော့မဟုတ်ပါဘူး၊ ၀င်ငွေလည်းရအောင် ရှာနေရမယ်၊ လက်နက်တွေ ၀ယ်ရမယ်၊ လမ်းကြောင်းတွေရှာရမယ်၊ လိုအပ်ရင် တိုက်ခိုက်ရမယ်၊ ပြေးရမယ်၊ အာရုံထည့်ပြီး ကစားရမှာဖြစ်လို့ပါ။

လက်နက် အသုံးပြုနိုင်မှုက ရဲတွေအနေနဲ့ အစိုးရကနေ ချထားပေးတဲ့ လက်နက်တွေ သုံးနိုင်မယ်၊ ကစားတဲ့အဆင့်မြင့်လာလေလေ လက်နက်သစ်တွေ Unlock ဖြစ်လာမယ်၊ မူးယစ်ရာဇာ အနေနဲ့ဆိုရင်တော့ ရဲတွေနဲ့လွတ်အောင် မူးယစ်ရောင်းဝယ်မှုပါ လုပ်ရမယ်၊ ရလာတဲ့ ၀င်ငွေနဲ့ လက်နက်အသစ်တွေ အင်အားဖြည့်ရမယ်၊ အားသာချက်တစ်ခုက ၀င်ငွေကောင်းကောင်း ရှာရင်ရှာနိုင်သလို လက်နက်ဆန်းတွေ ၀ယ်ယူနိုင်ခြင်းပဲ ဖြစ်ပါတယ်။

Single အနေနဲ့ပဲ ကစားနိုင်မှာဖြစ်ပြီး ကျန်တဲ့ တပ်ဖွဲ့ဝင်တွေက တော့ AI စနစ်ကနေ လိုက်ပါကစားပေးမှာပါ။ ကစားသူအနေနဲ့ ဘယ်ကိုသွားမယ်၊ ဘယ်လိုတိုက်ခိုက်မယ်ဆိုတာ ဦးဆောင်ဖို့ အဓိက ဖြစ်ပေမယ့်တိုက်ပွဲတွေမှာ ၀င်ရောက် တိုက်ခိုက်လို့လဲရပါတယ်။ တိုက်ပွဲတွေကတော့ မူးယစ်ချက်တဲ့ စက်ရုံတွေမှာလည်း ဖြစ်ပွားနိုင်တယ်၊ တောတွင်းမှာရော မြို့ထဲနေရာတွေမှာပါ တိုက်ခိုက်ရနိုင်ပါတယ်။ ဘိန်းချက်စက်ရုံတွေကို စုံစမ်းပြီး ဝင်သိမ်းတာတွေ၊ မူးယစ်အရောင်း အဝယ်လုပ်မယ့် နေရာတွေကို ၀င်ရောက် စီးနင်းတာတွေ၊ အဖွဲ့ နှစ်ဖွဲ့အကြာ းထိပ်တိုက်တွေ့ ဆုံမှုကြောင့် ပစ်ခတ်မှုတွေလည်း ဖြစ်နိုင်ပါတယ်။

မူးယစ်အဖွဲ့အနေနဲ့ရော ရဲတပ်ဖွဲ့အနေနဲ့ပါ လူအင်အား၊ လက်နက်နဲ့ ငွေကြေးအနေအထားတွေက Limit တစ်ခုဖန်တီးထားလို့ သင့်ရဲ့ ဦးဆောင်မှု အားနည်းရင်တော့ ဘယ်အဖွဲ့ ကိုပဲ ဦးဆောင်သည်ဖြစ်စေရှုံး နိမ့်ဖို့ ဖြစ်နေပါလိမ့်မယ်။ သတင်းစုံစမ်းမှုတွေ၊ လိုအပ်တဲ့ လက်နက်နဲ့ ကျည်ကာတပ် ဆင်မှုတွေ၊ အင်အားခေါ်ယူ ဖြည့်တင်းမှုတွေ ဟန်ချက်ညီအောင် လုပ်ဆောင် ကစားနိုင်ဖို့ လိုပါတယ်။ ဒါ့အပြင် အိမ်နီးချင်း နိုင်ငံတွေနဲ့ နယ်နမိတ်စည်းမျဉ်း သတ်မှတ်မှု ရှိတယ်၊ ရဲအနေနဲ့ ဖြစ်စေ၊ မူးယစ်ရာဇာအနေနဲ့ဖြစ်စေ နယ်စည်းမျဉ်းမကျော်ဖို့ရော စစ်ဆင်ရေးကို အောင်မြင် အောင်ဖို့ပါ ကြိုးစားရပါလိမ့်မယ်။ Wins စနစ်နဲ့ပါ ကစားနိုင်အောင်ဖန်တီးထားတဲ့ အခုဂိမ်းက ပြည်တွင်းကစားသမားအတွက်တော့ သဘောကျစရာ ဖြစ်လာမယ်လို့ ယူဆမိပါတယ်။