Need for Speed Heat

ကားမောင်းဂိမ်းတွေထဲမှာ အအောင်မြင်ဆုံးနဲ့ လူကြိုက်အများဆုံး ဂိမ်းဖြစ်တဲ့ NFS ရဲ့ နောက်ဆုံးထွက် Version လာပါပြီ။ ထွက်ရှိခဲ့သမျှ Versionတွေထဲမှာ လက်တွေ့အဆန်ဆုံးဂိမ်းလို့ ပြောရင်တောင် ရနိုင်ပါတယ်။ အခု Version မတိုင်ခင်က Update တွေမှာ ရဲကားတွေကို မထည့်တော့ပေမယ့် အခု Version မှာ ရဲကားတွေ ပြန်ပါလာပါတယ်။

အရင်ဆုံး ရဲကားတွေနဲ့ ပတ်သတ်တဲ့ ထူးခြားချက်လေးတွေ ပြောပြချင်ပါတယ်။ သင့်အနေနဲ့ ဂိမ်းစတင် ကစားချိန် အဆင့်နိမ့် သေးရင်သင့်ကို လိုက်ဖမ်းမယ့် ရဲကားတွေကလည်း အဆင့်နိမ့်နေမယ်၊ Level တက်လာတာနဲ့ အမျှ ရဲကားတွေကလည်း Supercar တွေ အထိအောင် ဖြစ်လာမယ်၊ ဒါက ရှေ့ထွက် Version တွေနဲ့ မတူတဲ့ပြင်ဆင်လာချက်တွေ၊ ပြီးတော့ သင့်အနေနဲ့ ကားပြိုင်ပွဲတစ်ခုကို ဂိမ်းထဲက အစီအစဉ်အတိုင်း ဝင်ပြိုင်လို့လဲရသလို Multi အနေ အထားမှာ အချင်းချင်း စိန်ခေါပြီး ပြိုင်လို့လည်း ရလာတယ်၊ အဲဒီမှာ ထူးခြားချက်က လောင်းကြေး၊ အချင်းချင်း ပြိုင်ဆိုင်မှုမှာ လောင်းကြေးက ကိုယ့်စိတ်ကြိုက် ကြေးသတ်မှတ်ပြီး ပြိုင်နိုင်မယ်။ နိုင်သူက အကုန်ရမယ်၊ကိုယ့်မှာ ပိုက်ဆံဘယ်လောက် စုမိထားသလဲ၊ လောင်ကြေး ကြိုက်သလောက် တင်ပေါ့၊ တကယ်လို့ ရှိသမျှ ရှုံးသွားရင်တော့ ဖြည်းဖြည်းချင်း ပြန်ရှာပေတော့။

နောက်ပြီး ပြိုင်ပွဲတလျှောက် မိမိရဲ့ကားမှာ ထိခိုက်မိတာတွေ၊ အပျက်အစီတွေအတွက် ပြန်လည်ပြင်ဆင်စရိတ်က ပစ္စည်းဖိုး၊ လက်ခအားလုံး ပြင်ပလက်တွေ့ ဘဝလို ပေးရမယ်၊ ရဲဖမ်းခံရတဲ့ ကားအတွက် ဒဏ်ငွေပေးဆောင် မယ်၊ ဒဏ်ငွေမဆောင်နိုင်ရင် သတ်မှတ်ကာလတစ်ခုအထိ ကားကိုအသိမ်းခံရမယ်၊ ဒီလို အပြင်ဘဝက ပုံစံအတိုင်း ပြင်ဆင်လာတာ တွေ့ရပါတယ်။ တကယ်လို့ သင့်မှာ ကားအပိုဝယ်ထားနိုင်ရင်တော့ တစ်စီးအဖမ်းခံရရင် နောက်တစ်စီးနဲ့ ပိုက်ဆံရှာ၊ အဖမ်းခံရတဲ့ တစ်စီးအတွက် ဒဏ်ကြေးဆောင်ပြီး ထုတ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

Heat မှာ ကားကို မိမိစိတ်ကြိုက် အရောင်၊ Wing တွေ Spoiler တွေ Exhaust တွေ တပ်ဆင်နိုင်တဲ့အပြင် မောင်းနှင်မယ့် မိမိကားမောင်းသမားကိုလည်း ကျား၊ မ ကနေအဝတ်အစား၊ ဖိနပ်၊ ဆံပင်၊ စသဖြင့် စိတ်ကြိုက်ဖန်တီး ကစားနိုင်လာပါတယ်။ ပြိုင်ပွဲတွေ ၀င်ပြိုင်၊ အနိုင်ရအောင်ကြိုးစား၊ ရတဲ့ဆုကြေးတွေ စုဆောင်း၊ မိမိကားကို အတတ်နိုင်ဆုံးအဆင့်တင်၊ ဒါမှ ပွဲတိုင်းကျော်ဖြစ်မယ်။ အဆင့်သတ် မှတ်ချက်တွေ တက်လာမယ်၊ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ပွဲအဆင့်တွေ Unlock ဖြစ်လာပြီး ၀င်ပြိုင်ခွင့်ရလာမှာပါ။

Heat ကို Wins အပါအဝင် PS4 နဲ့ Xbox One တွေမှာ ကစားနိုင်အောင် ဖန်တီးထားတာတွေ့ရပြီး အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါက မီယာမီကမ်းခြေ ပတ်ဝန်းကျင်ပုံစံ ဖန်တီးထားပါတယ်။ နေ့၊ ည ကူးပြောင်းမှု Auto မဖြစ်တော့ပေမယ့် ကစားသူက နေ့မှာပြိုင်ချင်တာလား၊ ညမှာ ပြိုင်ချင်တာလား ရွေးချယ်ပြိုင်နိုင်မယ်၊ နေ့မှာဆိုရင်တရားဝင်ပုံစံ ကားပြိုင်ပွဲတွေမှာ ၀င်ပြိုင်နိုင်မယ်၊ ညမှာတော့ မိမိစိတ်ကြိုက်စိန်ခေါပြီး ပြိုင်ရမယ့် လောင်းကြေးနဲ့ ပြိုင်ပွဲတွေမှာ မောင်းရမှာပါ။ ဂိမ်းထဲမှာပြိုင် ကားကောင်းကောင်း ထုတ်လုပ် နိုင်တဲ့ ကားကုမ္ပဏီပေါင်း ၃၃ ခုရဲ့ ကားမော်ဒယ်ပေါင်း ၁၂၇ စီးကို ရွေးချယ် ၀ယ်ယူကစားနိုင်မှာလည် းဖြစ်ပါတယ်။ ဆုကြေးများများရထားတာနဲ့ အမျှ မိမိစိတ် ကြိုက်ကားကို အကောင်းဆုံးတွေ အဆင့်မြှင့်ထားဖို့နဲ့ တခြားကားသစ်လေးတွေကို အတတ်နိုင်ဆုံး ၀ယ်စုထားဖို့ မမေ့ပါနဲ့။ ပြိုင်ပွဲအတွင်း ပြိုင်ဘက်ကို နိုင်ဖို့တစ်ခုတင် မဟုတ်တော့ဘဲ ရဲအဖမ်းမခံရဖို့ပါ အာရုံထားရပါတော့မယ်။ အနိုင်ရဖို့ ပိုမိုခက်ခဲလာစေတဲ့ Heat Version ပါပဲ။