Netflix နေရာ အစားထိုးနိုင်မယ့် အခမဲ့ ရုပ်ရှင်ဝန်ဆောင်မှု (၁၀) မျိုး

Netflix ဟာ ဒီနှစ်အစောပိုင်းမှာ ဈေးနှုန်းကို မြှင့်တင်လိုက်တဲ့အတွက် တစ်လ ၉ ဒေါ်လာ ကျသင့်ပြီး နာမည်အကြီးဆုံး plan ကတော့ ၁၃ ဒေါ်လာ ကျသင့်ကာ ultra-HD ကတော့ ၁၆ ဒေါ်လာအထိ ရှိလာပါတယ်။

ဒါပေမဲ့ ဈေးနှုန်းကြောင့် သုံးစွဲသူတွေ စိတ်မပူသင့်ပါဘူး။ အင်တာနက်ရှိနေသမျှ ကာလပတ်လုံး ဟောလိဝုဒ်ကားတွေကို အခမဲ့ကြည့်နိုင်တဲ့ အခွင့်အရေးရှိပါတယ်။ Captain Fantastic, Eighth Grad, Gravity, Raging Bull လိုမျိုးကားတွေကို ငွေကုန်ကြေးကျမများဘဲ ကြည့်နိုင်မယ့် အခွင့်အရေးရှိပါတယ်။

သုံးစွဲသူက စမတ်တီဗီ၊ မီဒီယာထုတ်လွှင့်နိုင်တဲ့ထုတ်ကုန်နဲ့ မိုဘိုင်းဖုန်းတွေမှာ တရားဝင်နည်းလမ်းနဲ့ အခမဲ့ ရုပ်ရှင်ကြည့်နိုင်မယ့် ဝန်ဆောင်မှု (၁၀) မျိုးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ တချို့ဝန်ဆောင်မှုတွေမှာ တီဗီအစီအစဉ်တွေမှာ ပါဝင်လာပါတယ်။ ဖော်ပြပေးမယ့် ဝန်ဆောင်မှုတွေက ကြော်ငြာကနေတစ်ဆင့် ဝင်ငွေရရှိတဲ့အတွက် ကြော်ငြာတွေတော့ မြင်တွေ့ရပါမယ်။ ရုပ်ရှင်တွေကို download ဒါမှမဟုတ် offline လည်း ကြည့်နိုင်မှာ မဟုတ်ပါဘူး။ လက်ရှိမှာတော့ အဲဒီလုပ်ဆောင်ချက်တွေက Hoopla ဝက်ဘ်ဆိုက်မှာပဲ ခွင့်ပြုထားပါသေးတယ်။ တချို့ဝန်ဆောင်မှုတွေက ဒေသတွင်းမှာပဲ အသုံးပြုဖို့ ကန့်သတ်ထားပါတယ်။

Crackle

Sony ရဲ့ Crackle ကတော့ ကြော်ငြာပါဝင်တဲ့ ရုပ်ရှင်ဝန်ဆောင်မှုဖြစ်ပါတယ်။ ရုပ်ရှင်တွေနဲ့ တီဗီအစီအစဉ်တွေ အပြင် မူလ content တွေလည်း ပါဝင်လာပါတယ်။ ထုတ်ကုန်အမျိုးမျိုးမှာလည်း ကြည့်ရှုနို်ငအောင် ထောက်ပံ့ပေးထားပြီး account ဖန်တီးစရာလည်း မလိုပါဘူး။ ၂၀၁၉ ဒီဇင်ဘာလအတွက် ရွေးချယ်ထားတဲ့ ဇာတ်ကားများ-

Adaptation, Aliens, Captain Phillips, Groundhog Day, Whiplash

IMDb TV

FreeDrive လို့ အရင်ကသိကြတဲ့ IMDb TV ဟာ ရုပ်ရှင်အချက်အလက်ဝက်ဘ်ဆိုက် IMDb အစိတ်အပိုင်းတစ်ရပ် ဖြစ်ပြီး Amazon ကပိုင်ပါတယ်။ IMDb TV ဟာ ကြော်ငြာထောက်ပံ့ထားတဲ့ Amazon Prime ရဲ့လွတ်လပ်တဲ့ ရုပ်ရှင်ဝန်ဆောင်မှု ဖြစ်ပါတယ်။ တီဗီအစီအစဉ်တွေလည်း ပါဝင်လာပါတယ်။ ကွန်ပျူတာနဲ့ Fire TV ထုတ်ကုန်တွေမှာပဲ ရုပ်ရှင်ကြည့်နိုင်ပါတယ်။

၂၀၁၉ ဒီဇင်ဘာလအတွက် ရွေးချယ်ထားတဲ့ ဇာတ်ကားများ-

The Founder, Gravity, Hacksaw Ridge, La La Land

Hoopla

Hoopla ဟာ စာကြည့်တိုက်နဲ့ အသုံးပြုရတဲ့ ရုပ်ရှင်ဝန်ဆောင်မှုဖြစ်ပါတယ်။ ဒီဂျစ်တယ်မီဒီယာဝန်ဆောင်မှု Hoopla မှာ ရုပ်ရှင်တွေ ငှားရမ်းကြည့်ရှုနိုင်ပြီး ၇၂ နာရီအထိ ငှားရမ်းနိုင်ပါတယ်။ တစ်လမှာ ရုပ်ရှင်ဘယ်လောက် ငှားရမ်းနိုင်သလဲဆိုတာ library ကဆုံးဖြတ်ပေးပါတယ်။ Hoopla မိုဘိုင်း app မှာရုပ်ရှင်တွေကို offline ကြည့်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

၂၀၁၉ ဒီဇင်ဘာလအတွက် ရွေးချယ်ထားတဲ့ ဇာတ်ကားများ-

Ex Machina, The Illusionist, Life is Beautiful, The Sting, Good Will Hunting, The Commitments, Thelma & Louise

Internet Archive

Internet Archive ဟာ public domain အားလုံးအတွက် နေအိမ်ဖြစ်ပြီး ရုပ်ရှင်ထောင်ပေါင်းများစွာရှိပါတယ်။ ဝန်ဆောင်မှုကို အသုံးပြုဖို့အတွက် ငွေကြေးကုန်ကျမှာ မဟုတ်သလို account လည်းမလိုပါဘူး။ Internet Archive မှာ အဖြူ၊ အမည်း classic ရုပ်ရှင်တွေရှိပါတယ်။ His Girl Friday, Plan 9 from Outer Space နဲ့ Gullier’s Travels လိုမျိုးဇာတ်ကားတွေ ပါဝင်လာပါတယ်။

Kanopy

ဩစတြေးလျမှာ စတင်ခဲ့တဲ့ Kanopy ဟာ အခမဲ့ ဝန်ဆောင်မှုဖြစ်ပြီး ကမ္ဘာတစ်ဝန်းက ကောလိပ်ကျောင်းဝန်း ထောင်ပေါင်းများစွာမှာ အသုံးပြုနိုင်ပါတယ်။ အမေရိကန်စာကြည့်တိုက်များစွာမှာလည်း အသုံးပြုနိုင်ပါတယ်။ ဝန်ဆောင်မှုကို အသုံးပြုနိုင်တဲ့ စာကြည့်တိုက်ကို ဝက်ဘ်ဆိုက်မှာ ကြည့်နိုင်ပါတယ်။ Kanopy မှာလူကြိုက်များတဲ့ ဇာတ်ကားတွေရှိသလို The Great Courses နဲ့ PBS လိုမျိုး အင်ဒီရုပ်ရှင်တွေနဲ့ မှတ်တမ်းကားတွေရှိပါတယ်။ ဂုဏ်သိက္ခာရှိတဲ့ Criterion Collection ကဇာတ်ကားတွေလည်း ရှိပါတယ်။

၂၀၁၉ ဒီဇင်ဘာလအတွက် ရွေးချယ်ထားတဲ့ ဇာတ်ကားများ-

Captain Fantastic, Eighth Grade, Logan Lucky, Super Size Me 2, What We Do in the Shadows

Plex

Plex ဟာ မီဒီယာသိမ်းဆည်းတဲ့ ဆာဗာ software ဖန်တီးတဲ့ ကုမ္ပဏီအဖြစ် လူသိများပါတယ်။ အခုအခါမှာတော့ အခမဲ့ရုပ်ရှင် ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ Plex မှာ သတင်းတွေ၊ podcast တွေနဲ့ ဝက်ဘ်ဆိုက်အစီအစဉ်နဲ့ အခြား content တွေပါဝင်လာပါတယ်။

၂၀၁၉ ဒီဇင်ဘာလအတွက် ရွေးချယ်ထားတဲ့ ဇာတ်ကားများ-

Apocalypse Now, Evil Dead II, Raging Bull, The Right Stuff, Tucker: The Man and His Dream

Pluto TV

Pluto ဟာ ရုပ်သံလိုင်းအမျိုးမျိုး ပါဝင်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဝန်ဆောင်မှုအဖြစ် ရပ်တည်ခဲ့ပါတယ်။ နောက်ပိုင်းမှာ CBS နဲ့ပူးပေါင်းဖို့ Viacom ကဝယ်ယူခဲ့ပါတယ်။ Pluto မှာဂျိမ်းစ်ဘွန်းဇာတ်ကားများစွာ ကြည့်နိုင်ပါတယ်။

၂၀၁၉ ဒီဇင်ဘာလအတွက် ရွေးချယ်ထားတဲ့ ဇာတ်ကားများ-

Dances with Wolves, GoldenEye, Memento, The Terminator, Rain Man, Thelma & Louise

The Roku Channel

Roku Channel ဟာ အခမဲ့ရုပ်ရှင်ထောက်ပံ့သူမဟုတ်ပေမယ့် ကုန်ကျစရိတ်မရှိတဲ့ content အသစ်နဲ့ အဟောင်းတွေကို ပြသပေးပါတယ်။ အခြားဝန်ဆောင်မှုပေါ်က ရုပ်ရှင်တချို့လည်း ကြည့်နိုင်ပါတယ်။ Lionsgate, MGM, Sony နဲ့ Warner လိုမျိုး Roku နဲ့ပူးပေါင်းထားသူတွေဆီက ရုပ်ရှင်တွေပါဝင်လာပါတယ်။ ဒါ့အပြင် FilmRise, Popcorflix နဲ့ Vidmark လိုမျိုး Roku channel တွေက ရုပ်ရှင်တွေကိုလည်း အခမဲ့ကြည့်နိုင်ပါတယ်။ Roku တီဗီတွေနဲ့ ထုတ်ကုန်တွေကနေ ရုပ်ရှင်တွေ ကြည့်နိုင်ပါတယ်။

၂၀၁၉ ဒီဇင်ဘာလအတွက် ရွေးချယ်ထားတဲ့ ဇာတ်ကားများ-

Groundhog Day, March of the Penguins, Spotlight, The Iron Giant

Tubi TV

ရုပ်ရှင်ထောင်ပေါင်းများစွာ ကြည့်နိုင်တဲ့ Tubi TV မှာ Linonsgate, MGB နဲ့ Paramount လိုမျိုး စတူဒီယိုတွေက ရုပ်ရှင်တွေပါဝင်လာပါတယ်။

၂၀၁၉ ဒီဇင်ဘာလအတွက် ရွေးချယ်ထားတဲ့ ဇာတ်ကားများ-

The Aviator, Kill Bill Vols. 1 and 2, Rat Race, Red Dawn

Vudu

Walmart ရဲ့ Vudu ဗီဒီယိုဝန်ဆောင်မှုက ကြော်ငြာပါဝင်တဲ့ ဝန်ဆောင်မှုကို တိုးချဲနေပါတယ်။ အခကြေးငွေပေးစရာ မလိုဘဲ ရုပ်ရှင်များစွာ ကြည့်နိုင်ဖို့ Vudu account ကိုအခမဲ့ တည်ဆောက်ရပါမယ်။

၂၀၁၉ ဒီဇင်ဘာလအတွက် ရွေးချယ်ထားတဲ့ ဇာတ်ကားများ-

Jerry Maguire, One Flew Over the Cuckoo’s nest, No Country for Old Men, The Rock

စိုးထက်

Ref: CNET