Oculus Link နည်းပညာ beta ဗားရှင်းစမ်းသပ်မှုကို ဖြန့်ချိ

Facebook ကပိုင်ဆိုင်တဲ့ VR ကုမ္ပဏီ Oculus ဟာ Oculus Link နည်းပညာကို beta ဗားရှင်းစမ်းသပ်နေပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် သီးသန့် Quest headset ကို gaming ကွန်ပျူတာနဲ့ချိတ်ဆက်ပြီး Oculus Rift ဂိမ်းတွေ ကစားနိုင်ပါမယ်။ ကြိုးမပါဝင်တဲ့ Quest ထုတ်ကုန်က Rift S ထုတ်ကုန်ထက် စွမ်းဆောင်ရည် အလွန်ကောင်းမွန်ပါတယ်။ VR ချိတ်ဆက်နိုင်တဲ့ ကွန်ပျူတာမှာ Oculus Link နည်းပညာပါဝင်ရင် Quest နဲ့ တိုက်ရိုက်ချိတ်ဆက်ကစားနိုင်မှာ ဖြစ်ပါတယ်။

သုံးစွဲသူအနေနဲ့ Oculus Link နည်းပညာကို အသုံးပြုနိုင်ဖို့ အရည်အသွေးမြင့် USB 3 cable နဲ့ Intel i5-4590 ဒါမှမဟုတ် AMD Ryzen 5 1500x ပရိုဆက်ဆာ အသုံးပြုထားတဲ့ ကွန်ပျူတာ လိုအပ်တယ်လို့ Oculus က support page တစ်ခုမှာ ဖော်ပြထားပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ လိုအပ်ချက်တွေ ပြည့်စုံသွားရင် နောက်ဆုံးထွက် Oculus PC app ကို download လုပ်ဖို့ လိုအပ်ပါတယ်။ Oculus Link ဟာ Rift S လောက် graphic card များစွာမထောက်ပံ့ပေးနိုင်ဘဲ Nvidia GPUs တချို့အတွက်ပဲ ထောက်ပံ့ပေးပါတယ်။

စိုးထက်
Ref: TheVerge