ONE STEP FILM FORUM ကျင်းပမည်

ONE STEP FILM FORUM ကို Goethe-Institut Myanmar မှ အောက်တိုဘာ ၁၁ ရက် မှ ၁၃ ရက်အထိ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။ အဆိုပါအခမ်းအနားမှာ ရုပ်ရှင် ၁၁ ကား ပြသမှာ ဖြစ်ပြီး မြန်မာ အလွတ်တန်း ရုပ်ရှင်ဖန်တီးသူတွေ ဖန်တီးထားတဲ့ မှတ်တမ်းရုပ်ရှင်တွေနဲ့ ဇာတ်လမ်းရုပ်ရှင်တို့ ပါဝင်မှာဖြစ်ပါတယ်။

ရုပ်ရှင်များဖြင့် လူသားချင်း စာနာ ထောက်ထားမှုကို မြှင့်တင်ရန်နှင့် ယခုပြသသော ရုပ်ရှင်များဖြင့် လူနည်းစုတို့ရဲ့ တိတ်ဆိတ်နေသော အသံများကို မြှင့်တင်နိုင်ရန် အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။ ယခု ONE STEP FILM FORUM အတွက် ဒေသခံ ကျွမ်းကျင်သူဒိုင်လူကြီးများမှ ရွေးချယ်မှု မပြုလုပ်ခင် မြန်မာရုပ်ရှင်ဖန်တီး သူများမှ ၎င်းတို့ရဲ့ ရုပ်ရှင်တွေကို တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

ရုပ်ရှင် ဆွေးနွေးပွဲ ကျင်းပနေစဉ် အတွင်း ပရိတ်သတ်များက ပြသသော ရုပ်ရှင်များ အကြောင်းကို တက်ရောက်လာ သော ရုပ်ရှင်ဖန်တီးသူများနှင့် ပရိတ်သတ်များ အချင်းချင်း မေးမြန်းဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

ရန်ကုန်တွင် ယခု FILM SEMINAR ပြီးနောက် မြန်မာနိုင်ငံရဲ့ မြို့ကြီး ၄ မြို့ မှာ ရုပ်ရှင်များကို လှည့်လည် ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ တက္ကသိုလ်နှင့် ကောလိပ်တွေမှာ ပြသဖို့အတွက် မြန်မာ့ ကျောင်းသား သမ္မဂ္ဂ မှ စီစဉ် လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ရုပ်ရှင်ဆွေးနွေးပွဲ ရဲ့ ဖွင့်ပွဲကျင်းပခြင်းကို “I AM GOLDEN KAREN” မှတ်တမ်းရုပ်ရှင် ပြသခြင်း ဖြင့် အောက်တိုဘာ ၁၁ ရက် ညနေ ၆ နာရီမှာ Goethe-Institut Myanmar မှာ ကျင်းပပြုလုပ် သွားမှာဖြစ်ပါတယ်။ ရုပ်ရှင်ဆွေးနွေးပွဲသို့ အခမဲ့ တက်ရောက်ခွင့် ရရှိဖို့အတွက် [email protected] မှတစ်ဆင့် ကြိုတင် စာရင်းပေးရန် လိုအပ်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း