Opera Browser 64 ကို Ubuntu OS တွင် ထည့်သွင်းခြင်း

Opera Browser 64 stable ကို Ubuntu OS မှာ ထည့်သွင်းချင်သူတွေအနေနဲ့ ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

Ubuntu OS မှာ Opera Browser 64 ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။ Opera Browser ကို Ubuntu မှာ ထည့်သွင်းအသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို  Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေ ကတော့ –

sudosh -c ‘echo “deb http://deb.opera.com/opera-stable/ stable non-free” >> /etc/apt/sources.list.d/opera.list’

wget -O – http://deb.opera.com/archive.key | sudo apt-key add –

sudo apt update

sudo apt install opera-stable

ဆိုတဲ့ command တွေဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး တစ်ခါတည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

-သီဟ