PlayStation 5 တရားဝင်မိတ်ဆက်မယ့် နေ့ရက်နဲ့ ဈေးနှုန်း ပေါက်ကြားထွက်ပေါ်

PlayStation 5 ဂိမ်းစက်ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်မှာ မြောက်အမေရိကအတွင်း တရားဝင်မိတ်ဆက်သွားလို့ သတင်းတစ်ခုဖော်ပြခဲ့ပါတယ်။ PlayStation 5 ဈေးနှုန်းက ၄၉၉ ဒေါ်လာ ကျသင့်နိုင်ပါတယ်။

PlayStation 5 ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက်ကို PSErebus ရဲ့ tweet မှာဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါကြောင့် PlayStation 5 ကိုစောင့်စားနေတဲ့ ဂိမ်မာတွေအနေနဲ့ ဂိမ်းစက်ကို ဝယ်ယူဖို့ တစ်နှစ်နီးပါး စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ Sony အနေနဲ့ ဇွန်လအတွင်း ပြုလုပ်မယ့် ကွန်ဖရင့်တစ်ခုမှာ PS5 ဂိမ်းစက်အကြောင်း ထုတ်ပြန်မယ်လို့ PSErebus ကဖော်ပြထားပါတယ်။

PS5 ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်ဝန်းကျင်မှာ မိတ်ဆက်နိုင်တယ်လို့ ကောလာဟလလည်း ထွက်ပေါ်ဖူးပါတယ်။ ဒီဇင်ဘာ ၂ ရက်မှာ PlayStation ဂိမ်းစက်တွေက ၂၅ နှစ်ပြည့်မြောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် PS5 ဟာ လာမယ့်နှစ်အတွင်း ထွက်ရှိနိုင်ပါတယ်။

စိုးထက်
Ref: T3