Raffles International College Bangkok ၏ ၂၀၂၀ ပညာသင်နှစ်အတွက် ပညာသင်ဆုများ လျှောက်ထားနိုင်

Raffles International College Bangkok ကျောင်းမှ ဒီဇိုင်းဘာသာရပ်နဲ့ စီးပွားရေးဘာသာရပ်တွေကို စိတ်၀င်စားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို လာမယ့် ၂၀၂၀ ကျောင်းဖွင့်ချိန်အတွက် Merit Scholarship, Post Graduate Scholarship, Creative Talent Scholarship များကို ပေးအပ်သွားမှာဖြစ်ပါတယ်။

Creative Talent Scholarship မှာ ၅၀ ရာခိုင်နှုန်းပညာသင်ဆုဖြစ်ပြီး ဒီဇိုင်းဘာသာရပ်ကို စိတ်၀င်စားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ Creative Talent Scholarship ကိုရရှိပါက Bachelor of Art (Hons) Degree အတွက် သုံးနှစ်စာ ကျောင်းလခ ထိုင်းဘတ် ၁၃၅,၀၀၀ ထဲမှ ၅၀ ရာခိုင်နှုန်း သက်သာမှာဖြစ်ပါတယ်။

စီးပွားရေးဆိုင်ရာ Bachelor Degree ကို နှစ်နှစ်ခွဲတက်ရောက်၍ ရယူနိုင်ပြီး Creative Talent Scholarship ရရှိသွားပါက နှစ်နှစ်ခွဲအတွက် ကျောင်းလခ ထိုင်းဘတ် ၈၂,၅၀၀ ထဲမှ ၅၀ ရာခိုင်နှုန်း သက်သာမှာဖြစ်ပါတယ်။ စီးပွားရေးဘွဲ့လွန်တက်ချင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် Master of Business Administration ဘာသာရပ်အတွက် ၁၀၀ ရာခိုင်နှုန်းပညာသင်ဆုတွေကို ရယူလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ Design ဘာသာရပ်တွေမှာ Internship များပါ ပါဝင်တဲ့အတွက် အလုပ်ရရှိဖို့ အခွင့်အလမ်းများစွာ ရရှိနိုင်မှာဖြစ်ပါတယ်။

ဘာသာရပ်တွေအနေနဲ့ Fashion Design , Interior Design , Multimedia Design , Animation ,Games Design , Product Design , Jewellery Design တို့ကို တက်ရောက်ပြီး ဘွဲ့ဒီဂရီရယူနိုင်မှာဖြစ်ပါတယ်။ တက်ရောက်နိုင်တဲ့ Program တွေကတော့ Foundation Diploma, Advanced Diploma, Bachelor Degree နဲ့ Master Degree တို့ဖြစ်ပါတယ်။ ဘွဲ့ဒီဂရီ ရရှိနိုင်ရန်အတွက် (၃) နှစ် တက်ရောက်ရမှာဖြစ်ပြီး Northumbria University, UK မှပေးအပ်တဲ့ဘွဲ့ကို ရရှိမှာဖြစ်ပါတယ်။ Fashion Communication & Journalism , Fashion Marketing & Management , Retail Management , Management , Marketing , Finance , Hospitality ,Tourism , Applied Psychology , Entrepreneurship & Small Business Operation အစရှိတဲ့ ဘာသာရပ်တွေကိုလည်း တက်ရောက်နိုင်မှာဖြစ်ပါတယ်။

အင်္ဂလိပ်စာ ဝင်ခွင့်လိုအပ်ချက်အနေနဲ့ IELTS (5.5) ရရှိဖို့ လိုအပ်မှာဖြစ်ပြီး လျှောက်ထားလိုသူတွေ အနေနဲ့ STUDY ABROAD Information Centre ရန်ကုန်မြို့၊ ဖုန်း (၀၉) ၅၁၅၁၀၀၈ ၊ (၀၉) ၇၃၂၄၂၄၀၄ နဲ့ မန္တလေးရုံး၊ ဖုန်း (၀၉) ၄၂၀၀ ၉၉၉၉၇ ကို ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ