Redmi Note ထုတ်ကုန် သန်း ၁၀၀ ကျော်ကို Xiaomi ရောင်းချခဲ့ရ

Xiaomi ရဲ့အမှတ်တံဆိပ်ခွဲတစ်ခု ဖြစ်တဲ့ Redmi ဟာ အလွန်အောင်မြင်တဲ့ Note စီးရီးဖုန်းတွေကို ထုတ်လုပ်နေပါတယ်။ အခုဆိုရင် ၂၀၁၄ ခုနှစ်က စတင်ထုတ်လုပ်ပြီး တစ်ကမ္ဘာလုံးဆီကို ဖြန့်ချိနေတဲ့ Redmi Note ထုတ်ကုန်တွေဟာ သန်း ၁၀၀ ကျော်အထိ ရောင်းချခဲ့ရတယ်လို့ Xiaomi က ထုတ်ပြန်ထားပါတယ်။

ဒီနှစ် မတ်လအကုန်မှာ Redmi Note 7 စီးရီးဖုန်း ၄ သန်းကျော် တင်ပို့ရောင်းချရသလို အခြားသမိုင်းမှတ်တိုင်တွေလည်း စိုက်ထူနိုင်ခဲ့ပါတယ်။ အဲဒါတွေကတော့ ဇူလိုင်လမှာ Redmi Note 7 ကို ၁၅ သန်းအထိ ရောင်းချခဲ့ရပြီး အခုဆိုရင် အလုံးရေ သန်း၂၀ အထိရောင်းချခဲ့ပါတယ်။

နောက်ဆုံးပေါ်ထုတ်ကုန်တွေထဲမှာ Redmi Note 8 နဲ့ Redmi Note 8 Pro တို့ပါဝင်ပြီး တန်ဖိုးကြီး Redmi Note ထုတ်ကုန်တွေလည်း အလုံးရေများစွာ ရောင်းချထားရပါတယ်။

စိုးထက်
Ref: GSMArena