Samsung ရဲ့ SmartThings platform ကို လစဉ်အသုံးပြုသူ ၄၅ သန်းကျော်ရှိလာ

Samsung ရဲ့ internet of things (IoT) platform ဖြစ်တဲ့ SmartThings ကို လစဉ်အသုံးပြုသူ ၄၅ သန်းကျော် ရှိပါတယ်။ အဲဒီ platform ကို မတူညီတဲ့ ထုတ်ကုန်ဖန်တီးသူ ၁၀၀ ကျော်က ထုတ်ကုန်ပေါင်း ၅,၀၀၀ ကျော် အသုံးပြုကြပါတယ်။ ဒါပေမဲ့ developer နဲ့ ပူးပေါင်းမှု အစီအစဉ်သစ်တွေကြောင့် အခု အရေအတွက်ထက် များပြားလာမှာ ဖြစ်ပါတယ်။

SmartThings Hub (WASH) လိုမျိုး Works အစီအစဉ်ကတော့ ထုတ်ကုန်တွေအတွင်း SmartThings Hub software ထည့်သွင်းဖို့ ကွန်ရက်အော်ပရေတာလိုမျိုး ထုတ်ကုန် ထုတ်လုပ်သူတွေကို ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။ Samsung ရဲ့ SmartThings အစီအစဉ်နဲ့ ရှိပြီးသား Works ဟာ စီးပွားရေး ဂေဟစနစ်နဲ့ ခွင့်ပြုချက်ရထုတ်ကုန်တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။

အခြားအစီအစဉ်တစ်ခုကတော့ SmartThings Device SDK Beta ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ စတင်မှာ ဖြစ်ပါတယ်။ အဲဒီ အစီအစဉ်ကတော့ SmartThings နဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ ထုတ်ကုန်တွေကို ဖန်တီးဖို့ third-party ကုမ္ပဏီတွေကို အထောက်အပံ့ပေးမှာ ဖြစ်ပါတယ်။ SmartThings Device Kit နဲ့တွဲဖက်ညီစွာအသုံးပြုနိုင်ပြီး Wi-Fi ကို အလွယ်တကူ အသုံးပြုနိုင်တဲ့အတွက် developer တွေက ကိုယ်ပိုင် cloud အဆောက်အအုံ မလိုတော့ပါဘူး။

စိုးထက်
Ref: VentureBeat