Samsung Galaxy S10 နဲ့ Note 10 အတွက် app ထောက်ပံ့မှုကို ကမ္ဘာတစ်ဝန်းကဘဏ်များ ဖျက်သိမ်း

ယူကေဘဏ်ဖြစ်တဲ့ Nationwide Building Society ဟာ Samsung Galaxy S10 ဖုန်းပိုင်ရှင်တွေအတွက် app အတွင်း fingerprint login ထောက်ပံ့မှုကို ဖယ်ရှားလိုက်ပါတယ်။ NatWest ကလည်း S10 ဖုန်းအတွက် ထောက်ပံ့မှုကို ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်။

Galaxy S10 ဖုန်းအတွင်းက ultrasonic fingerprint reader တွေမှာ လုံခြုံရေးအားနည်းချက် ရှိနေပါတယ်။ Samsung အနေနဲ့ အားနည်းချက်နဲ့ပတ်သက်ပြီး တရားဝင် သတင်းထုတ်ပြန်ခဲ့ပေမယ့် အခုကိစ္စက အလေးအနက်ထား ကိုင်တွယ်ရမယ့် ကိစ္စဖြစ်လာပါတယ်။

ဖုန်းရဲ့ ultra-sonic fingerprint sensor နဲ့ အားနည်းချက်ကတစ်ဆင့် လူတိုင်းထုတ်ကုန်ကို အသုံးပြုနိုင်တာကို Galaxy S10 သုံးစွဲသူ လီဆာနေးဆင်ဆိုသူက တွေ့ရှိခဲ့ပါတယ်။ ဈေးနှုန်းသက်သာတဲ့ ဆီလီကွန် screen protector တွေက ultra-sonic in-display fingerprint sensor ကိုချို့ယွင်းမှု ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက် က fingerprint ကိုဖွင့်ဖို့ ကြိုးစားတဲ့အခါ ဆီလီကွန်ကာဗာပေါ်က အခြားလက်ဗွေရာကိုပဲ မှတ်မိပြီး ဖုန်းပွင့်လာမှာ ဖြစ်ပါတယ်။

Bank of China ကလည်း Galaxy S10, Note10 နဲ့ Tab S6 ထောက်ပံ့မှုတွေကို ဖြုတ်ချလိုက်ပါတယ်။ အစ္စရေးရဲ့ အကြီးဆုံးဘဏ်တွေထဲက တစ်ခုဖြစ်တဲ့ Hapoalim Bank ကလည်း fingerprint အတည်ပြုမှု ထောက်ပံ့ထားတာကို ဖယ်ရှားခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ KaKao Bank (အွန်လိုင်းသီးသန့်ဘဏ်) ကလည်း Samsung Galaxy S10 ဖုန်းတွေမှာ fingerprint အတည်ပြုမှုကို ဖယ်ရှားဖို့ သုံးစွဲသူတွေကို သတိပေးထားခဲ့ပါတယ်။

အခုပြဿနာကို ဖြေရှင်းဖို့ ဒီတစ်ပတ်အစောပိုင်းမှာ software update ဖြန့်ချိပေးမယ်လို့ Samsung က ပြောကြားခဲ့ပါတယ်။ Samsung ရဲ့နောက်ဆုံးပေါ်ဖုန်းကို သုံးစွဲသူအနေနဲ့ လက်ဗွေတွေကို ဖျက်ပြီး ပြန်လည် စာရင်းသွင်းဖို့ လိုအပ်ပါတယ်။

စိုးထက်
Ref: GSMArena