Samsung Galaxy S11 ကို ဖေဖော်ဝါရီလအတွင်း မိတ်ဆက်ဖွယ်ရှိ

Samsung ဟာ ဖေဖော်ဝါရီလအတွင်း Galaxy S11 စီးရီးစမတ်ဖုန်းကို မိတ်ဆက်ဖွယ်ရှိပါတယ်။ Galaxy S11 ကို ဖေဖော်ဝါရီ ၁၁ ရက်မှာ မိတ်ဆက်နိုင်တယ်လို့ MatrixLife သတင်းကဖော်ပြခဲ့ပါတယ်။
Samsung Galaxy S11 ကိုမိတ်ဆက်မယ့် ရက်စွဲအပြင် S11, S11e နဲ့ S11+ ဆိုပြီး feature သစ်တွေ ပါဝင်လာမယ်လို့ သိရပါတယ်။

S11 စီးရီးဖုန်းတွေမှာ Exynos 990 SoC အပြင် Snapdragon ဗားရှင်းအသုံးပြုထားတဲ့ ထုတ်ကုန်လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဖုန်း ၃ မျိုးစလုံးမှာ 25W အားသွင်းမြန်ဆန်တဲ့စနစ်နဲ့ 25W charger လည်းပါဝင်လာပါမယ်။
Galaxy S11 မှာ SIM နဲ့ eSIM ဗားရှင်းအပြင် Plus မော်ဒယ်မှာတော့ 5G ထောက်ပံ့မှုပါဝင်လာမှာ ဖြစ်ပါတယ်။

ဒီလအစောပိုင်းမှာ Evan Blass က S11 နဲ့ S11+ မှာ မျက်နှာပြင် ၆.၇ လက်မနဲ့ ၆.၉ လက်မတို့ ပါဝင်လာမယ်လို့ ပြောကြားထားပါတယ်။ S11e မှာတော့ မျက်နှာပြင် ၆.၂ လက်မ ဒါမှမဟုတ် ၆.၄ လက်မ display တို့ ပါဝင်လာဖွယ်ရှိပါတယ်။ S11 နဲ့ Plus မော်ဒယ်တွေမှာ 120Hz display အသုံးပြုထားမယ်လို့ MatrixLife ကဖော်ပြထားပါတယ်။

Galaxy S11 စီးရီးဖုန်းတွေမှာ punch hole ဒီဇိုင်းအသုံးပြုထားကာ SAMOLED အမှတ်တံဆိပ် display ကို အသုံးပြုဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ S11 နဲ့ S11+ မှာတော့ ကင်မရာ ၄ လုံးနဲ့အတူ 108MP အဓိကကင်မရာ ပါဝင်ဖွယ်ရှိပါတယ်။

ကင်မရာမှာ 48MP telephoto နဲ့အတူ 10x lossless zoom နဲ့အတူ 100x hybrid zoom တို့ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် 5x optical zoom ကင်မရာနဲ့အတူ OIS လည်းပါဝင်လာဖွယ်ရှိပါတယ်။
Galaxy S11 ကိုတရားဝင်မိတ်ဆက်ဆက်ဖို့ တစ်လကျော်လောက်လိုနေသေးပြီး အသေးစိတ် အချက်အလက်တွေ ထပ်မံထွက်ရှိလာနိုင်ပါသေးတယ်။

စိုးထက်
Ref: GSMArena