Samsung Galaxy S11+ မှာ အထူးပြုလုပ်ထားတဲ့ ကင်မရာ 108MP sensor ပါဝင်လာနိုင်

Samsung ရဲ့ 108MP ISOCELL Bright HMX ကင်မရာ sensor ဟာ Xiaomi ဖုန်းတွေအားလုံးနဲ့ စမတ်ဖုန်း ၂ မျိုးမှာ ပါဝင်လာပြီ ဖြစ်ပါတယ်။

Samsung ရဲ့အသစ်ထွက်ရှိမယ့် Galaxy S11 မှာ 108MP sensor ပါဝင်လာမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ Twitter ပေါ်က နာမည်ကျော် သတင်းအချက်အလက်ဖော်ထုတ်သူ Ice Universe က Galaxy S11+ မှာ သီးသန့်ဖန်တီးထားတဲ့ CMOS ဗားရှင်း sensor ပါဝင်မယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီကင်မရာ sensor ရဲ့ အရည်အသွေးက အလွန်တရာ ကောင်းမွန်ပြီး ဈေးနှုန်းမြင့်မားမယ်လို့ သိရပါတယ်။ ဖုန်းမှာ ပါဝင်မယ့် sensor အရွယ်အစားက 1/1.3” ရှိတယ်လို့လည်း Ice Universe ကရေးသားခဲ့ပါတယ်။

စိုးထက်
Ref: GSMArena