Shovel Knight: Showdown

အခုတစ်ပတ်မှာတော့ ခေတ်ဟောင်းဂိမ်းပုံစံ ဖန်တီးထားတဲ့ တိုက်ခိုက်ရေး ဂိမ်းသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Shovel Knight ကစားဖူးသူတွေအတွက်တော့ သိပ်မစိမ်းမယ့်ဂိမ်းပါ ပဲ။ ဒါပေမဲ့ Showdown ကတော့ နောက်ဆုံးထွက် Version ပါ။ အခု ဂိမ်းမှာ အားနည်းချက်က ခေတ်ဟောင်းပုံစံ ဖန်တီးထားလို့ လူကြိုက်နည်းနိုင်ပေမယ့် အားသာချက်က Platform အစုံနဲ့ ကစား နိုင်အောင် ထုတ်လုပ်ထားခြင်းပါ။ Wins 10, Mac, Lunox, Wii U, PS3, PS4, Xbox One, Nintendo Switchစတဲ့ စနစ် အား လုံးနဲ့ ကစားနိုင်ပါတယ်။

ဂိမ်းက စမြင်လိုက်တာနဲ့ ဆွဲဆောင်မှု အားနည်းချင်းတယ်၊ ၁၉၉၀ လောက်က ဂိမ်းတွေရဲ့ရုပ်ထွက်နဲ့ ကစားဟန်ဖြစ်နေပေမယ့် တကယ်တမ်းက စားချိန်ရလာတာနဲ့ အမျှ ကစားအားပါလာတာ တွေ့ရပါတယ်။ Multi အနေနဲ့ ဆိုရင် ၄ ယောက်ထိအောင်က စားနိုင်မှာပါ။ Mode ၅ ခု ရွေးချယ်ကစားနိုင်ပါတယ်။ Cash Collecting ဆိုရင်ကစားသူတွေက အချင်းချင်း တိုက်ခိုက်ရမယ်၊ မိမိရဲ့တိုက်ခိုက်မှု ထိချက်အပေါ်မူတည်ပြီး ရတနာတွေ ထွက်လာမယ်၊ အဆိုပါ ရတနာတွေကို အများဆုံး စုဆောင်းနိုင်သူက အနိုင်ရမှာပါ။
Racing မှာကတော့ပေးထားတဲ့ အချိန်နဲ့ မိမိရဲ့လမ်းကြောင်းကို အကောင်းဆုံး ပုံဖော်ရှင်သန်နိုင်အောင် ကစားရမယ်၊ Last Man Standing ကတော့ အချင်းချင်း အများဆုံးသတ်နိုင် အောင်ကြိုးစားပြီး ရှင်သန်နိုင်သူက အနိုင်ရမယ်။ဒီ Mode ၃ ခုက အရင် Version တွေ မှာပါရှိပြီးသားပါ။ အခု Version မှာ Gem Clash နဲ့ Showdown ဆိုတဲ့ Mode အသစ်နှစ်ခု ပါလာ ပါတယ်။ အချင်းချင်းတိုက်ခိုက်ရင်း ရတနာစုဆောင်းမှု ပုံစံနဲ့ သေဆုံးမှု အနည်းဆုံးအပေါ်မှာပါ အမှတ်ပေးပြီး အနိုင်ရမှာပါ။

ကစားသူတွေ အနေနဲ့ ရွေးချယ်ကစားနိုင်မယ့် ဇာတ်ကောင်ပေါင်း ၁၆ ကောင် ရှိပါတယ်။ ဇာတ်ကောင်တွေက ပုံစံလဲကွဲသလို အသုံးပြုနိုင်တဲ့ဓားတွေရဲ့ အစွမ်းသတ္တိလည်း ကွဲပြားပါတယ်။ ပြေးနိုင်မှုမရှိဘဲ ခုန်ရင်းအနေနဲ့ တိုက်ခိုက် ရွေ့လျားမှာပါ။ အဖွဲ့ လိုက်ကစားသူ များများကစားရင် ပိုပျော်ဖို့ ကောင်းပြီး အာရုံစိုက် ကစားရလို့ သဘောကျစရာပါ။ လူနည်းနည်း၊ ဥပမာ ၂ ယောက်တည်းလောက် ကစားရင်တော့ နည်းနည်းပျင်းစရာ ဖြစ်နေပါလိမ့်မယ်။

ကစားသူတွေအနေနဲ့ သူ့လူ ကိုယ့်လူခွဲပြီး ကစားလို့ မရပါဘူး။ မိမိ နီးစပ်ရာ ရန်သူကို တိုက်ခိုက်၊ ထွက်လာတဲ့ ရတနာကို အမြန်ဆုံးကောက်ယူ သိမ်းဆည်းနိုင်မှ အချိန်စေ့လို့ ရလဒ်ထွက်ချိန်မှာ အမှတ်အများဆုံးရပြီး အနိုင်ရမှာဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေအတွက် နောက်ခံပတ်ဝန်းကျင်ကို ၇ နေရာအထိ ရွေးချယ် ကစားနိုင်ပါတယ်။ Colosseum, Plains, Village, Flying Machine, Clockwork Tower, Pridemoor Keepနဲ့ Lost City တွေ ဖြစ်ပါတယ်။ Flying Machne နဲ့ နောက်ပိုင်း Stage တွေကတော့ တော်တော်လေးကစားလို့ ကောင်းပါတယ်။ ပုံသေမဟုတ်ဘဲ ပတ်ဝန်းကျင် ပုံစံပြောင်းလဲမှု အနည်းငယ်ရှိလို့ ကစားအား ပိုထည့်ရပါတယ်။ လူငယ်ရော လူလတ်ပိုင်းတွေပါ နှစ်သက်မယ့် ဂိမ်းဖြစ်ပြီး ပေါ့ပေါ့ပါးပါး ကစားချင်သူတွေ၊ Plat-form အစုံနဲ့ အဖွဲ့လိုက် ကစားချင်သူတွေ စိတ်ကြိုက်ဖြစ်မယ့် ဂိမ်းလို့ မှတ်ချက်ပေးချင်ပါတယ်။