Sony Xperia 3 မှာ RAM 12GB နဲ့ S865 chipset ပါဝင်လာနိုင်

အသစ်ထွက်ရှိမယ့် Sony Xperia 3 ကို ၂၀၂၀ခုနှစ်မှာ ဖြန့်ချိမှာ ဖြစ်ပါတယ်။ ထုတ်ကုန်နဲ့ပတ်သက်တဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေပါတယ်။ အခုဆိုရင် Geekbench မှာ Xperia 3 အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာပါတယ်။ Xperia 3 မှာ RAM 12GB နဲ့ Snapdragon 865 chipset ပါဝင်လာပါတယ်။ Sony Xperia 3 မှာ Snapdragon 865 chipset ပါဝင်မယ်ဆိုတာ ကောလာဟလထွက်ပေါ်ဖူးပါတယ်။

Geekbench 4 က Snapdragon 865 ချစ်ပ်လျို့ဝှက်အမည်ကို Kona လို့ပေးထားပါတယ်။ ဖုန်းမှာ Android 10 အသုံးပြုထားတယ်လို့ သိရပါတယ်။ Sony Xperia 3 ကို ၃မျိုးထုတ်လုပ်ဖွယ်ရှိပြီး ထိပ်ဆုံးမော်ဒယ်မှာ 5G ပါဝင်လာပါမယ်။ Sony အနေနဲ့ မူလလက်ဟောင်း ကျောဘက်ကွေး ဒီဇိုင်းကိုပဲ အသုံးပြုဖွယ်ရှိပြီး မျက်နှာပြင်အရည်အသွေးက QHD ဖြစ်ပါတယ်။

Snapdragon 865 ထောက်ပံ့ထားတဲ့ ထုတ်ကုန်မှာ ကင်မရာ ၆လုံးပါဝင်တယ်လို့ သရုပ်ဖော်ပုံ ထွက်ပေါ်ဖူးပါတယ်။ Sony Xperia 3 ကို ၂၀၂၀ခုနှစ်မှာ ပြုလုပ်မယ့် IFA ပွဲမှာ မိတ်ဆက်ဖွယ်မရှိပါဘူး။

စိုးထက်
Ref: GSMArena