ICT

ဒုတိယအကြိမ် ရွှေ့လျား ICT သင်ကြားရေးခရီးစဉ် ၇ နေရာသွားရောက်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနှင့်ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း တို့ပူးပေါင်၍ ရွေ့လျား ICT လေ့လာသင်ယူရေးစင်တာ (Mobile ICT Learning Center) ဖြင့် ဒုတိအကြိမ်မြောက် အခြေခံကွန်ပျူတာသင်တန်းနှင့်အတူအင်တာနက်လက်တွေ့အသုံးချခြင်းကို အောက်တိုဘာ ၁၅ ရက်မှစတင်ကာ နေရာ ၇ နေရာမှာသွားရောက်သင်ကြားပို့ချပေးသွားမယ်လို့သိရပါတယ်။ ပထမဆုံးအနေနဲ့ သုံးခွမြို့တွင် နှစ်နေရာကိုတစ်လကြာစီသင်ကြားပေးမှာဖြစ်သလို ခရမ်းမြို့မှာနှစ်နေရာ၊ တံတားမြို့မှာတစ်နေရာ၊ကျောက်တန်းမြို့မှာ ၂ နေရာစီကိုတစ် လကြာစီ သင်ကြားပေးသွားမယ်လို့သိရပါတယ်။သင်ကြားရေးအစီအစဉ်မှာ သင်ကြားရေးဆိုင်ရာ စာရွက်စာတမ်းမှ အစ အခမဲ့စီစဉ်ပေးမှာဖြစ်တဲ့အပြင်သင်တန်းသားတစ်ယောက်ကိုကွန်ပျူတာတစ်လုံးစီဖြင့်နာရီ ၄၀ သင်ကြားပေးနေတယ်လို့သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ စည်ပင်ဧရိယာပြင်ပမြို့နယ်တွေကို သွားရောက်သင်ကြားပေးနေတာဖြစ်ပြီးသင်တန်းကာလ တစ်လဖြစ်ကာ သတ်မှတ်စာမေးပွဲဖြေဆို အောင်မြင်သူတွေကို Crrtificate ပေးအပ်ချီးမြှင့်ပေးလျက်ရှိတယ်လို့ ရန်ကုန် တိုင်းဒေသကြီးကွန်ပျူတာ လုပ်ငန်းရှင် အသင်းဥက္ကဌ ဦးမျိုးမင်းဦးကပြောပါတယ်။

Read More