Third-party app မသုံးဘဲ iPhone မှာ Screen record ဘယ်လိုလုပ်မလဲ

တော်တော်များများက iPhone မှာ Screen Record ကို Third-party လို့ခေါ်တဲ့ App တွေ သီးသန့်မလိုဘဲ လုပ်ဆောင်နိုင်ပါတယ်။ မိမိအနေနဲ့ အလွယ်တကူ လုပ်ဆောင်နိုင်ဖို့အတွက် ဖုန်းရဲ့ Settings ပိုင်းမှာ အနည်းငယ် ပြင်ဆင်မှုလုပ်ပြီး အလွယ်တကူ Screen record ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဒီလိုမျိုး Screen record ကို iOS 11 ကနေစပြီး iPhone မှာ လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။ အရင်ဆုံး ဖုန်းရဲ့ Control Center ထဲကနေ Screen record အတွက် လိုအပ်တဲ့ပြင်ဆင်မှုကို လုပ်ပေးရပါမယ်။ ဒါကတော့ ဖုန်းကနေ screen record ကို စက္ကန့်ပိုင်းအတွင် းလုပ်ဆောင်နိုင်အောင် ဖြစ်ပါတယ်။

အရင်ဆုံးဖုန်းထဲက Settings icon ကို နှိပ်လိုက်ပါ။

Settings ထဲကိုရောက်ရင်တော့ Control Center ဆိုတဲ့စာသားကို တစ်ချက်နှိပ်ပြီး စနစ်ထဲကို ဝင်လိုက်ပါ။

Control Center စနစ်ထဲကို ရောက်ရင်တော့ Customize Controls ဆိုတဲ့စာသားကိုတစ်ချက် နှိပ်ပြီး စနစ်ထဲကို ထပ်ဝင်ပါ။

Customize စနစ်ထဲမှာ အနီရောင် record ခလုတ်ပုံစံ Screen Recording ဆိုတဲ့စာသားကို တွေ့တဲ့အထိ ရှာပါ။ တွေ့ရင်တော့ ပုံမှာပြထားတဲ့အတိုင်း record ခလုတ် icon ဘေးနားက အစိမ်းရောင် အပေါင်းလက္ခဏာကို တစ်ချက်နှိပ်ပါ။ အဲဒါဆိုရင်တော့ ပုံ – ၆ မှာပြထားသလိုမျိုး အနီရောင် အနုတ်လက္ခဏာပုံစံ ပြောင်းသွားပါမယ်။ Screen Recording ဆိုတဲ့ စာသားညာဘက်က မျဉ်းတိုသုံးခုကို နှိပ်လိုက်မယ်ဆိုရင်တော့ မိမိအနေနဲ့ Screen recording ခလုတ် Control Center မှာ မိမိစိတ်ကြိုက်နေရာမှာ ရွေ့ချယ်ထားဖို့ စနစ်ထဲကို ရောက်သွားမှာဖြစ်ပါတယ်။

ခုဆိုရင်လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ပြီးပြီဖြစ်တဲ့အတွက် ဖုန်းမှာ Screen record ကို အလွယ်တကူ လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။ အရင်ဆုံး ဖုန်းမြင်ကွင်းရဲ့ အောက်ခြေမြင်ကွင်းကနေ အပေါ်ကို ပွတ်ဆွဲပြီး Control Center ကို ဖွင့်လိုက်ပါ။

အဲလိုဖွင့်လိုက်ရင်တော့ Control Center ထဲမှာ record icon တစ်ခု ပါဝင်လာမှာဖြစ်ပြီး အဲဒီ icon ကို နှိပ်လိုက်မယ်ဆိုရင်တော့ ၃-၂-၁ ဆိုပြီး ၃ စက္ကန့်အတွင်း record စတင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

မိမိအနေနဲ့ အသံပါထည့်သွင်းပြီး record လုပ်မယ်ဆိုရင်တော့ Screen record icon ကို pop-up menu ပေါ်လာတဲ့အထိ စက္ကန့်အနည်းငယ် ဖိနှိပ်ထားရမှာဖြစ်ပါ တယ်။ pop-up menu ပေါ်လာရင်တော့ မိုက်ပုံစံ icon ကို နှိပ်ပြီး အသံပါ record လုပ်ဖမ်းယူထားနိုင်မှာ ဖြစ်ပါတယ်။

သတိပြုရမှာက အသံ record လုပ်ဖမ်းယူတာက ဖုန်းထဲက အသံတွေသာမကဘဲ မိမိပြောသမျှ အသံတွေနဲ့ ပတ်ဝန်းကျင်အသံတွေကိုလည်း ဖမ်းယူနေမှာဖြစ်တဲ့အတွက် မိမိအတွက် မလိုလားအပ်တဲ့ အသံတွေရောထွေးမှု မရှိအောင် ဂရုစိုက်သင့်ပါတယ်။

– ရဲထွဋ်ဝင်း