Ubuntu OS တွင် Audacity 2.3.3 ကို ထည့်သွင်းခြင်း

Audacity ဆိုတာကတော့ Ubuntu OS မှာ အသုံးပြုနိုင်မယ့် audio editor တစ်ခုပဲဖြစ်ပါတယ်။ Audio file တွေကို ပြင်ဆင်ချင်သူတွေအနေနဲ့ Audacity ကို ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ubuntu OS မှာ Audacity 2.3.3 ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Audacity 2.3.3 ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေ ကတော့ –

sudo add-apt-repository ppa:ubuntuhandbook1/audacity

sudo apt-get update

sudo apt-get install audacity

ဆိုတဲ့ command တွေဖြစ်ပြီး အဆိုပါ command တွေကို အသုံးပြုကာ ထည့်သွင်းရမှာ ဖြစ်ပါတယ်။ အသုံးမပြုချင်တော့လို့ ပြန်လည်ဖယ်ရှားလိုတယ်ဆိုရင် sudo apt-get remove –autoremove audacity audacity-data
ဆိုတဲ့ command နဲ့ ပြန်လည် ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

-သီဟ