Ubuntu OS တွင် MakeMKV ကို ထည့်သွင်းခြင်း

MakeMKV ဆိုတာကတော့ Ubuntu OS မှာ MKV ဖိုင်တွေကနေ Blu-ray disk တွေကို ဖန်တီးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ MakeMKV ဟာ format converter အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။

Ubuntu OS မှာ MakeMKV ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်
ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီးဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာsudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆို ရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

MakeMKV ကို ထည့်သွင်းမယ်ဆိုရင် ဖော်ပြထားတဲ့ command တွေနဲ့ ထည့်သွင်းနိုင် ပါတယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:heyarje/makemkv-beta

sudo apt-get update

sudo apt-get install makemkv-bin makemkv-oss

ဆိုတဲ့ command တွေကိုထည့်သွင်းပြီးထည့်သွင်းရမှာဖြစ်ပါတယ်။ ဒါဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး တစ်ခါတည်း ထည့်သွင်း ပေးသွားမှာ ဖြစ်ပါတယ်။

-သီဟ