Ubuntu OS မှာ Super TuxKart ကို ထည့်သွင်းခြင်း

SuperTurKart ဆိုတာ ကတော့ Ubuntu OS မှာ ထည့်သွင်းကစားနိုင်မယ့် racing game အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ SuperTuxKart ကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ စတင်ဖြန့် ချိပေးထားတာ ဖြစ်ပါတယ်။ ထည့်သွင်းကစားလိုတယ်ဆိုရင် ဖော်ပြပါနည်းလမ်းအတိုင်း ထည့်သွင်းနိုင်ပါတယ်။

Ubuntu OS မှာ Super TuxKart ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

SuperTuxKart ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါcommand တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:sunderme/texstudio

sudo apt-get remove texstudio-doc texstudio-l10n

sudo apt-get update &&sudo apt-get install texstudio

ဆိုတဲ့ command တွေကို ထည့်သွင်းရပါမယ်။ အဆိုပါ command တွေကို ထည့်သွင်း ပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီးထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

-သီဟ