Ubuntu OS မှာ Xournal++ ကို ထည့်သွင်းခြင်း

Xournal++ ဆိုတာကတော့ လက်ရေး note တွေကို ရေးမှတ်တာတွေနဲ့ note တွေ မှတ်သားပြီး PDF အဖြစ် ပြောင်းလဲပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။

Ubuntu OS မှာ Xournal++ ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင်Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။ Xournal++ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်းနိုင်ပါတယ်။ ပထမဆုံး deb file ကို http://bit.ly/35Lfj6M ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ သွားယူပါ။ ပြီးသွာရင် Gdebi package installerဆိုတဲ့ app နဲ့ download လုပ်ထားတဲ့ Xounrnal++ deb ဖိုင်ကို install လုပ်ဆောင်လိုက်တယ်ဆိုရင် Ubuntu OS 18.04 နဲ့ အထက် version တွေမှာ Xournal++ ကို ထည့်သွင်းပြီးပြီဖြစ်ပါတယ်။

-သီဟ