V7 နဲ့ V7+ ဘာကိုရွေးမလဲ

Vivo က V7+ ကို အရင်ဦးဆုံး မိတ်ဆက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာ လလယ်ပိုင်းကတော့ V7 ကို ဈေးကွက်ထဲ ထပ်မံတင်သွင်းခဲ့ပါတယ်။ V7+ ကို ဝယ်ပြီးသားသူတွေကတော့ V7 ထွက်လာလည်း သိပ်ပြီးရင်မခုန်ကြဘူးဆိုပေမယ့် အခုမှဝယ်ဖို့ စိတ်ကူးတဲ့ သူတွေကတော့ ဒီနှစ်မျိုးအကြား ကွာခြားမှုကို သိထားဖို့ လိုလာကြပါပြီ။

V7+ နဲ့ V7 အကြား ကွာခြားမှုက ဘာတွေလဲလို့ မေးမယ်ဆိုရင် အဓိက အားသာချက်တွေမှာ ကြီးကြီးမားမား ကွာခြားတာမရှိဘူးလို့ ပြောရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အဓိကအားသာချက်နှစ်ခုဖြစ်တဲ့ 24MP အရှေ့ကင်မရာနဲ့ FullViewTM Display ချင်းက တူနေလို့ပါပဲ။ တိတိကျကျပြောရမယ်ဆိုရင်တော့ V7+ ရဲ့ မျက်နှာပြင်အရွယ်အစားက 5.99 လက်မဖြစ်ပြီး၊ V7 ရဲ့ မျက်နှာပြင် အရွယ်အစားကတော့ 5.7 လက်မဖြစ်ပါတယ်။ ဒီပမာဏက အများကြီးကွာခြားတယ်လို့ မဆိုနိုင်ပါဘူး။

အခြေခံအားဖြင့်တော့ သုံးထားတဲ့ Processor ချင်း တူညီနေပါတယ်။ နှစ်ခုစလုံးက Qualcomm Octa-core တွေပါပဲ။ အတိအကျ ပြောရရင်တော့ Snapdragon 450 တွေပါ။ RAM 4GB ချင်းလည်း တူညီပါတယ်။ ဒါကြောင့် Performance ပိုင်းမှာတော့ အများကြီးကွာဟမှု ရှိလာမှာမဟုတ်ဘူးလို့ ဆိုရမှာပါ။

V7+ နဲ့ V7 အကြား ကွာဟချက်တစ်ခုက သိုလှောင်မှု ပိုင်းဖြစ်ပါတယ်။ V7+ က 64GB ဖြစ်ပြီး၊ V7 ကတော့ 32GB ပါ။ သိုလှောင်မှုပမာဏ ထပ်ပြီးတိုးချဲ့မယ် ဆိုရင်တော့ နှစ်ခုစလုံးက microSD Card နဲ့ 256GB အထိ တိုးမြှင့်နိုင်ပါတယ်။

နောက်ထပ် ကွာခြားချက်ကတော့ ဘက်ထရီဖြစ်ပါတယ်။ V7+ က 3225mAh ဖြစ်ပြီး V7 ကတော့ 3000mAh ဖြစ်ပါတယ်။ Processor တူညီနေတဲ့အတွက် မျက်နှာပြင်အရွယ်အစားအလိုက် သင့်တော်တဲ့ ဘက်ထရီစွမ်းအင်ကို ထည့်သွင်းပေးထားတယ်လို့ ယူဆရပါတယ်။ လက်တွေ့ စမ်းသပ်ချက်တွေအရတော့ V7+ ရော V7 ပါ စွမ်းအင်ခြွေတာပြီး ဘက်ထရီအသုံးခံတာကို တွေ့ရပါတယ်။

Operating System အနေနဲ့ကတော့ နှစ်မျိုးစလုံးက Funtouch OS 3.2 (based on Android 7.1) ကို အသုံးပြုနိုင်တာလည်း တွေ့ရပါတယ်။ Fingerprint, Face Access စတာတွေလည်း အတူတူပဲ သုံးလို့ရမှာပါ။ ကျန်တဲ့အပိုင်းတွေမှာလည်း အားလုံးက အတူတူပါပဲ။

V7 မှာ Hi-Fi audio chip ကို ထည့်သွင်းထားခြင်း မတွေ့ရပါဘူး။ ဒီတစ်ချက်ကတော့ Vivo ရဲ့ Hi-Fi audio အရည်အသွေးကို နှစ်သက်သူတွေအတွက် V7+ ကို ဦးစားပေးစေမှာပါ။

V7 ဟာ V7+ နဲ့ ဈေးနှုန်းအားဖြင့် နှိုင်းယှဉ်မယ်ဆိုရင် ကျပ် ၈၀၀၀၀ အထိ ကွာဟသွားတာကို တွေ့ရပါတယ်။ ဒါပေမယ့် အဓိက အားသာချက်တွေဖြစ်တဲ့ 24MP အရှေ့ကင်မရာ၊ FullViewTM Display တွေရရှိတာကတော့ အတူတူပါပဲ။ ကွာခြားချက် အနည်းငယ်ပဲ ရှိတာကို တွေ့ရတာကြောင့် ဝယ်ယူမယ့်သူရဲ့ ရွေးချယ်မှုကပဲ အဓိဖြစ်ပါတယ်။

-ကိုသက်